DVB Logo
Home
မြန်မာသတင်း
မိုးဒဏ်ကြောင့် ကချင်ပြည်နယ် ခေါင်လန်ဖူးတွင် ရိက္ခာနှင့် အဆက်အသွယ်ပြတ်
DVB
·
May 12, 2016
မိုးဒဏ်ကြောင့် ကချင်ပြည်နယ် ခေါင်လန်ဖူးတွင် ရိက္ခာနှင့် အဆက်အသွယ်ပြတ်
1 / 7
Donate to DVB

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မြေတွေပြိုပြီး သွားလာရေးနဲ့ အဆက်အသွယ်တွေ ပြတ်တောက် နေပါတယ်။

“မေလ ပထမပတ်မှာပဲ ဆန်တစ်ပြည်ကို ၁၆၀၀၀ ကျပ်ဖြစ်နေပြီ။ ဒါပေမယ့် ရောင်းမယ့်သူ မရှိဘူး။ ဖုန်းလိုင်းတွေလည်း ဆက်မရတော့ဘူး။ အများစုက မျှစ်တွေစားနေကြတယ်” လို့ ခေါင်လန်ဖူး မြို့နယ်ကမကြာခင်မှ ပြန်လာတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအာမိုးဆီက ဒီဗွီဘီကို ပြောပါတယ်။

ရေကြီးမြေပြိုလို့ မြို့နယ်တွင်းမှာ လူနေအိမ် ၃၀ လောက်နဲ့ စိုက်ခင်းတွေ၊ သစ်သားတံတား ၅ စင်းနဲ့ ကြိုးတံတား ၃ စင်း ပျက်စီးသွားတယ်လို့လည်း သူက ပြောပါတယ်။

ခေါင်လန်ဖူးမြို့ဟာ ပူတာအိုနဲ့ မိုင် ၁၃၀ ပဲ ဝေးပေမယ့် ပွင့်လင်းရာသီမှာပဲ လမ်းပေါက်ပြီး ခရီးအများစုကတော့ လူနဲ့ လားတွေပဲ သွားလို့ရတာပါ။

“စပါးစိုက်ဧက က နည်းနည်းပဲရှိပြီး ဆန်ဖူလုံမှုက အနိမ့်ဆုံးအဆင့်ပဲ။ တရုတ်ကလာတဲ့ ဆန်တွေကိုပဲ အဓိက ထားရတယ်။ ခုက တရုတ်ဘက်နဲ့လည်း လမ်းတွေပြတ်တောက်နေပြီ။ အကူအညီတွေ အရေးတကြီး လိုနေတာပါ” လို့ ဦးအာမိုးဆီက ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ်မှာ လူဦးရေ ၁၂၀၀၀ ကျော်ရှိပြီး မိုးရာသီနဲ့ ဆောင်းရာသီပဲရှိတာပါ။ အဓိက ဆက်သွယ်ရေးလမ်းကြောင်းဟာလည်း အများအားဖြင့် ဆီးနှင်းတွေ ဖုံးလွှမ်းနေတတ်ပါတယ်။

ရေကြီးမြေပြိုတာတွေကြောင့် ကချင်ပြည်နယ်၊ ဆော့လော်နဲ့ ချီဖွေမြို့နယ်တွေမှာလည်း စားနပ်ရိက္ခာ ခက်ခဲခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ ပေးပို့ခဲ့ရပါတယ်။

ဓာတ်ပုံ- ဦးရွှေလေး၊ အာမိုးဆီ

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013