DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​တို့​၏ ခြံ​မြေအသိမ်း​ခံရမှု လွှတ်​တော်၌ တင်ပြမည်
DVB
·
August 30, 2011
Donate to DVB

ရှမ်း​ပြည်နယ် ​တောင်ကြီး​မြို့​နယ်မှာ ပအို့​ဝ်ရွာသား​တွေရဲ့​ ခြံ​မြေဧက ၄,၅၀၀ ​ကျော် အ သိမ်း​ခံရပြီး​ ​လျော်​ကြေး​နည်း​လွန်း​လို့​ မ​ကြေနပ်တဲ့​ကိစ္စကို ​နေပြည်​တော် လွှတ်​တော်မှာ တင်ပြမယ်လို့​ သတင်း​ရရှိပါတယ်။

တောင်ကြီး​မြို့​တောင်ဘက် ၁၀ မိုင်​ကျော်ရှိ ​နောင်ကာကယ်၊​ ပုံး​စင်၊​ ထီအုန်း​စိမ်း​၊​ ပင်ငို၊​ ​အောင်း​မူး​၊​ ​ဖောင်​တော်ဆိပ်၊​ ကွန်​ချောင်း​၊​ လိုင်း​ငေါက်၊​ ​ဖောင်​တော်ချုပ် စတဲ့​ရွာ ​တွေက ​တောင်ယာ၊​ ​ပြောင်း​ခြံ၊​ သနပ်ဖက်ခြံ၊​ လယ်​မြေ​တွေကို အမှတ် ၉၀၃ စစ်​မြေပြင် အင်ဂျင်နီယာတပ်ရင်း​ နဲ့​ အမှတ် ၉၅၆ တပ်ရင်း​က ၂၀၀၅ - ၂၀၀၆ ခုနှစ်က သိမ်း​ခဲ့​ပါတယ်။

မြန်မာ့​စီး​ပွား​ရေး​ကော်ပို​ရေး​ရှင်း​နဲ့​ နိုင်ငံခြား​လုပ်ငန်း​ရှင်​တွေ အကျိုး​တူလုပ်​နေတဲ့​ ပင်း​ပက် သံမဏိစက်ရုံစီမံကိန်း​အတွက် ဒီ​မြေ​တွေကို သိမ်း​ယူခဲ့​တာဖြစ်ပြီး​ မနှစ်က နိုဝင်ဘာမှာ ​လျော်​ကြေး​ပေး​တဲ့​အခါ နည်း​လွန်း​လို့​ ရွာသား​တွေက သွား​မထုတ်ကြဘူး​လို့​ ​တောင်ကြီး​အ​ခြေစိုက် ပအို့​ဝ်အမျိုး​သား​လူငယ်အဖွဲ့​ဝင် ခွန်သက်ထွန်း​က ​ပြောပြပါတယ်။

ကာလ​ပေါက်​ဈေး​ တဧက ကျပ် ၅၀၀,၀၀၀ တန်တဲ့​ ​မြေ​တွေကို တဧက ကျပ် ၅,၀၀၀ နှုန်း​နဲ့​ သံမဏိစက်ရုံက အ​လျော်​ပေး​တဲ့​အတွက် ရွာသား​တွေ နစ်နာတယ်လို့​ ဆိုပါ တယ်။

“​လျော်​ကြေး​ပေး​တဲ့​အချိန်မှာ တဧက ၅,၀၀၀ ဆို​တော့​ အံ့​ဩကြတာ​ပေါ့​။ အရင် ခြံလုပ်တုန်း​ကဆိုရင် မိသား​စု​တော့​ စား​လောက်တာ​ပေါ့​။ သနပ်ဖက်ခြံတခြံ လုပ်ထား​ တယ်ဆိုရင် မိသား​စု စား​ဝတ်​နေ​ရေး​ ​ပြေလည်တယ်။ ခြံလုပ်ဖို့​ မကျန်​တော့​တဲ့​လူလည်း​ မကျန်​တော့​ဘူး။ ကျန်​နေတဲ့​ခြံ​တွေကိုပဲ အား​ကိုး​ပြီး​လုပ်ကိုင်​နေရတယ်။”

ဒေသခံ​တွေ ​မြေသိမ်း​ခံရတဲ့​ကိစ္စကို စက်ရုံမှူး​တွေဆီ စာ​ရေး​ပြီး​ အကူအညီ​တောင်း​​ပေမယ့်​ အ​ကြောင်း​မပြန်ဘူး​လို့​ ​ပြောပါတယ်။

“အရင်စက်ရုံမှူး​ကို စာပို့​ဖူး​ပါတယ်။ ဘာမှအ​ကြောင်း​မပြန်ဘူး​။ အခု ဒုတိယ စက်ရုံ မှူး​ကိုလည်း​ ထပ်တင်ထား​ပါတယ်။ အဓိက ကျ​နော်တို့​ ဒီ​လျော်​ကြေး​ကို မျှတ​အောင် လိုချင် တယ်။”

ဒီပြသနာကို ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ်ပါတီ (ကျား​ဖြူပါတီ) က ​နေပြည် ​တော်မှာ ကျင်း​ပ​နေတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ တင်ပြမယ်လို့​ ပါတီ​ပြောခွင့်​ရပုဂ္ဂိုလ် ဦး​စောသန်း​မြင့်​က ​ပြောပါတယ်။

“လတ်တ​လော ဖြစ်​နေတဲ့​ ကိစ္စရပ်အား​လုံး​ကို သက်ဆိုင်ရာ ပြည်နယ်(သို့​မဟုတ်) တိုင်း​ဒေသ ဝန်ကြီး​ချုပ်နဲ့​ ဆက်သွယ်ပြီး​တော့​ ညှိနှိုင်း​လို့​ရတယ်။ ပြီး​ခဲ့​တဲ့​ နှစ်​ပေါင်း​များ​စွာ ကိစ္စကျ​တော့​ ပြန်ပြီး​တော့​ လွှတ်​တော်နဲ့​ တင်ပြမှရမယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013