DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာစကားလုံးသုံးစွဲမှု သူရဦးရွှေမန်းနှင့် အမေရိကန်သံအမတ် ဆွေးနွေး
DVB
·
May 12, 2016
ရိုဟင်ဂျာစကားလုံးသုံးစွဲမှု သူရဦးရွှေမန်းနှင့် အမေရိကန်သံအမတ် ဆွေးနွေး
Donate to DVB

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Scot Marciel တို့ ရိုဟင်ဂျာစကားလုံးသုံးစွဲမှုနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

မေလ ၁၁ ရက်နေ့က နေပြည်တော် ကော်မရှင်အဆောက်အဦမှာ တွေ့ဆုံကြခဲ့ကြတာ ဖြစ်ပြီး သူရဦးရွှေမန်းက လွန်ခဲ့တဲ့ရက်ပိုင်းက အမေရိကန်သံရုံးရှေ့ဆန္ဒပြပွဲဟာ မြန်မာနိုင်ငံသား တွေ လက်မခံတဲ့ စကားအသုံးအနှုန်း ပါဝင်လို့ ဖြစ်တာကြောင့် သံအမတ်ကြီးအနေနဲ့ သတိပြုဖို့ သူ ပြောကြားခဲ့တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ဖြစ်ထွန်းမှုနဲ့ နိုင်ငံတိုးတက်ရေးအတွက် အမေရိကန်နိုင်ငံ ဟာ အရေးကြီးတဲ့နိုင်ငံ ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုတိုးတက်ကောင်းမွန်ရန် လိုအပ်ကြောင်းနဲ့ ဒီလို ဆောင်ရွက်တဲ့အခါ မြန်မာနိုင်ငံသားတွေရဲ့ ယုံကြည်မှု၊ နားလည်မှုတွေလည်း လိုအပ်မှာဖြစ်ကြောင်း ချိတ်ဆက်ပြောကြားခဲ့ပါတယ်။

သံအမတ်ကြီးအနေနဲ့ သတိပြုဆောင်ရွက်နိုင်မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုတိုးတက်ကောင်းမွန်မှာဖြစ်ကြောင်း ဆွေးနွေးပါတယ်။

သံရုံးရှေ့ဆန္ဒပြပွဲဟာ “ရိုဟင်ဂျာ” စကားလုံး သုံးနှုန်းလို့ ကန့်ကွက်ဆန္ဒပြတာဖြစ်ပြီး သူရဦးရွှေမန်းက ဒီစကားလုံးကိုတော့ ထည့်သွင်းသုံးစွဲခြင်းမပြုပါဘူး။

ဒီစကားလုံးအသုံးအနှုန်းကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံရပ်ခြားတိုင်းပြည်တွေက သုံးနှုန်း နေကြပေမယ့် မြန်မာအစိုးရအဆက်ဆက်က အသိအမှတ်မပြုဘဲ သုံးစွဲခြင်းမရှိဘဲ  ဘဂါင်္လီလို့ သာ သုံးနှုန်းကြပါတယ်။

အမေရိကန်သံအမတ်ကြီးက သူ့အနေနဲ့ ကိုယ်စားပြု အစိုးရရပ်တည်ချက်အတိုင်း ဆောင်ရွက်ရတာဖြစ်ကြောင်းနဲ့ စကားလုံးအသုံးအနှုန်းတွေ သုံးစွဲရတာဟာ တခြားစကားရပ် မရှိလို့သာဖြစ်ပြီး မြန်မာနိုင်ငံသားများ၏ သဘောထားကို အလေးမထားခြင်း၊ ဆန့်ကျင်ခြင်းကြောင့် မဟုတ်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး နောက်နောင် သတိပြုဆောင်ရွက်သွားမယ်လို့ ပြန်လည်ဆွေးနွေးကြောင်း သူရဦးရွှေမန်းက ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013