DVB Logo
Home
Lead Story
ဘန်ကောက်ဘူတာကြီးတွင် ဗုံးပေါက်၊ လူ ၂ ဦး ဒဏ်ရာရ (ရုပ်သံ)
DVB
·
May 11, 2016
ဘန်ကောက်ဘူတာကြီးတွင် ဗုံးပေါက်၊ လူ ၂ ဦး ဒဏ်ရာရ (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ဟိုလမ်းဖုန်း ရထားဘူတာရုံမှာ မေလ ၁၁ ရက် မွန်းတည့် ၁၂ နာရီလောက်အချိန်က ပေါက်ကွဲမှုတခုဖြစ်ပွားပြီး လူ ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းအမျိုးသား မီးရထားဌာနက ထုတ်ပြန်ပါတယ်။

ဒဏ်ရာရသူတွေမှာ အသက် ၂၈ နှစ်ရွယ် လူငယ် ၂ ဦးဖြစ်ပြီး သူတို့ဟာ ချချိုင်းဆောင်းမြို့ကနေ ချွန်းဖောင်းကို ခရီးသွားဖို့ဖြစ်ကြောင်း၊ ရထားခေတ္တရပ်နားစဉ် အောက်ဆင်းပြီး ဆေးလိပ် သောက်ရာမှာ တဦးက ဆေးလိပ်တိုကို ပြာခံဗုံးထဲပစ်ချပြီးတဲ့နောက် အဲဒီနားမှာ ပေါက်ကွဲသွား တာလို့ စီစီကင်မရာဖမ်းယူချက်ကို ကိုးကားပြီး မီးရထားဌာနက ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါပေါက်ကွဲမှုဟာ မတော်တဆမှုလား၊ တမင်ရည်ရွယ်သလားဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲဘဲလို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013