DVB Logo
Home
မြန်မာသတင်း
သတ္တုတူးဖော်ခြင်း၏ ဆိုးကျိုးများဖြေရှင်းပေးရန် တောင်းဆို
DVB
·
May 11, 2016
သတ္တုတူးဖော်ခြင်း၏ ဆိုးကျိုးများဖြေရှင်းပေးရန် တောင်းဆို
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ထဲက ဒယ်လ်ကိုသတ္တုတွင်းစီမံကိန်းကြောင့် အနီးအနား ပတ်ဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာမှာ ပါဝင်ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒယ်လ်ကိုသတ္တုတူးဖော်ရေးကုမ္ပဏီက စွန့်ပစ်လိုက်တဲ့ နှုန်းရေတွေ၊ မြေစာတွေဟာ  ရဲရင့်ချောင်း နဲ့ ခက်ယင်းချောင်းရေထဲကို စီးဝင်ပြီး ရွာသားတွေရဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်နေလို့ ဒီပြဿ     နာကို ဖြေရှင်းပေးဖို့  မေလ ၉ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တောင်းဆိုစာ ပေးပို့ခဲ့တယ်လို့  ကံပေါက်ရွာနေ ဦးခင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီကုမ္ပဏီက ကျနော်တို့ဒေသမှာ သတ္တုတူးဖော်ရေးလုပ်နေတာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ဆိုတော့ ကျနော်တို့ အသုံးပြုနေတဲ့ ချောင်းရေတွေကောသလို ရေတွေလည်း မသန့်ရှင်းတော့ ဘူး။ ချောင်းရေကောတော့ ရေချိုငါးဖမ်းလုပ်ငန်းတွေ၊ စိုက်ပျိုးရေးတွေ ကောင်းကောင်း မလုပ်နိုင် တော့ဘူး။ ပြီးတော့ ကျနော်တို့ရဲ့ ရေအရင်းအမြစ်ဖြစ်တဲ့ ရေကန်တောင်ကရေတွေကို လက်ဝါးကြီး အုပ်ပြီး သူတို့သုံးဖို့ ဆည်နဲ့လှောင်ယူတယ်။ ဒေသခံသဘောထားကို မမေးဘဲ လမ်းတွေ ဖောက်တယ်။၊ သူတို့လုပ်ထာတဲ့ နုန်းမြေစစ်ကန် မခိုင်ခံ့လို့ မနှစ်က အဲဒီကန်ပြိုကျပြီး ကလေးတယောက် သေဆုံးတယ်။ အိမ်ခြေ ၄၀ ကျော်က လူပေါင်း ၃၀၀ လောက် ရွှေ့ပြောင်း ခဲ့ရတယ်။ အဲဒါကြောင့် ဒီပြဿ    နာတွေ ဖြေရှင်းပေးဖို့ စာတင်ရတာ ဖြစ်ပါတယ်။ သူတို့စီမံကိန်းကို ရပ်ဆိုင်းဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ ရွာသားတွေမထိခိုက်အောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုတာပါ။”

အဲဒီသတ္တုတူးဖော်ရေးစီမံကိန်းရဲ့ ဆိုးကျိုးတွေကို ရေဖြူမြို့နယ် ကံပေါက်နဲ့တကွ ပျဉ်ကြီး၊ ပယ၊ မွန်ငန်း၊ မိကျောင်းအိုင်၊ ခွေးမဖော်၊ ဇာဒီ အစရှိတဲ့ ရွာပေါင်း ၁၀ ရွာက လူဦးရေ ထောင်နဲ့ချီ ခံစားနေရတာလို့ သူက ဆက်ပြောပါတယ်။

အဲဒီစီမံကိန်းဟာ ရေဖြူမြို့နယ်ရှိ မြေဧကအကျယ်အ၀န်း ၂ ထောင်ကျော်မှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ လုပ်ကိုင်ခွင့်ရထားတဲ့အတွက် ဒီပြဿ   နာကို ဖြေရှင်းမပေးရင် နောက်လာမယ့် နှစ်တွေအတွက်လည်း ဒေသခံလူမှုစီးပွားရေးတွေ အခက်အခဲပိုရှိလာမယ်လို့  ဦးခင်စိုးက ပြောပါတယ်။

ရွာသားတွေဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ဆန္ဒပြတောင်းဆိုခဲ့ဖူးပြီး အစိုးရက ဘာမှထိထိရောက်ရောက် ဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း၊  ဒါကြောင့် အခု တက်လာတဲ့ အန်အယ်လ်ဒီအစိုးရကို ဆက်လက်တောင်းဆိုတာဖြစ်ပြီး ဒေသခံအကျိုးစီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဥပဒေတွေနဲ့ ကာကွယ်ပေးစေလိုကြောင်းလည်း ပြောသွားပါ တယ်။

သူတို့တောင်းဆိုချက်တွေကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံ လိပ်မူပေးပို့ခဲ့ပြီး တိုင်ကြားစာလက်ခံရာဌာနကို ပေးပို့ ခဲ့ကြောင်း၊ ပြည်သူက ရွေးချယ်လိုက်တဲ့ အစိုးရအနေနဲ့ သူတို့ပြဿ နာပြေလည်အောင် အရေးတယူဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ကြောင်း ဦးခင်စိုးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013