DVB Logo
Home
မြန်မာသတင်း
ဖားကန့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကုမ္ပဏီများ စနစ်တကျဆောင်ရွက်နိုင်ရန် ဥပဒေရေးဆွဲ
DVB
·
May 11, 2016
ဖားကန့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကုမ္ပဏီများ စနစ်တကျဆောင်ရွက်နိုင်ရန် ဥပဒေရေးဆွဲ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တာတွေကို ကန့်သတ်ဖို့၊ မြေစာစွန့်ပစ်တာ တွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကုမ္ပဏီတွေက စနစ်တကျဆောင်ရွက်ဖို့ အတွက် ဥပဒေနဲ့အညီအစီအမံတွေ ရေးဆွဲဆောင်ရွက်နေပါတယ်။

မေလ ၁၁ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်က ဖားကန့်ဒေသမှာ အတိုင်းအဆမဲ့ ကျောက်စိမ်းတူးဖော်တာတွေ၊ စည်းကမ်းမဲ့မြေစာစွန့်ပစ်တာ တွေကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာပျက်စီးပြီး မြေစာပုံပြိုကာ အသက်ဆုံးရှုံးမှုတွေ  ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံတွေကိုယ်တိုင်က ဆန့်ကျင်တားမြစ်နေရပြီး အစိုးရအနေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ဥပဒေနဲ့ အညီစနစ်တကျ အချိန်မီတားမြစ်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒီမေးခွန်းကို သယံဇတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လုံးခင်း၊ ဖားကန့်ရတနာနယ်မြေမှာ ကျောက်စိမ်းတူးဖော်မှုကို ကန့်သတ်တာ၊ မြေစာစွန့်ပစ်တာ စနစ်တကျဖြစ်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေပြုလုပ်နေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“လုံးခင်း၊ ဖားကန့်ရတနာနယ်မြေမှာ သတ်မှတ်လုပ်ကွက်(အသစ်)၊ ဖော်ထုတ်လုပ်ကွက် (အသစ်)၊ အကျိုးတူလုပ်ကွက်(အသစ်)တွေကို ကျောက်မျက်ကုမ္ပဏီ အဟောင်း၊ အသစ်တွေကို ထပ်မံလုပ်ကိုင်ခွင့်ချထားပေးခြင်း မပြုတော့ဘဲ ကျောက်စိမ်းရိုင်းသယံဇာတ တူးဖော်ထုတ်လုပ် ရေးကို ကန့်သတ်သွားမှာဖြစ်တယ်”လို့လည်း ၀န်ကြီးက ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့ ကိုက်ညီတဲ့ နည်းဥပဒေကို ရေးဆွဲနေပြီး နည်းဥပဒေပြဌာန်းပြီးရင် ကျောက်မျက်ရတနာအကြီးစားနဲ့ အလတ်စား၊ အသေးစားနဲ့ လက်လုပ် လက်စားလုပ်ကွက်တွေကို ကုမ္ပဏီအလိုက် လုပ်ကွက်အရေအတွက် ကန့်သတ်ပြီး လုပ်ကိုင်ခွင့် ချထားပေးတာတွေနဲ့ တူးဖော်မှုလုပ်ငန်းတွေကို ထိန်းချုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

စက်ယန္တရား၊ မြေသယ်ယာဉ်အရေအတွက်နဲ့ ၀န်ဆောင်မှုအားကိုလည်း ကန့်သတ်ခဲ့ပြီး ပိုလျှံယာဉ်၊ ယန္တရား ၄၁၇၃ စီးကို လုပ်ငန်းခွင်အတွင်း အသုံးမပြုရေးတားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၁ ခုနှစ်က သတ်မှတ်ခဲ့တဲ့ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေဧရိယာ အကျယ်အ၀န်းဟာ ၁၇၄၄၇၅၇ ဧကရှိ ပြီး လက်ရှိအခြေအနေမှာ နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကွက် ၃၀၅ ကွက်၊ ပုဂ္ဂလိက လုပ်ကွက် ၇၃၄၄ ကွက်ကို လုပ်ကိုင်ခွင့်ချထားပေးထားတယ် သိရပါတယ်။ လုပ်ကိုင်ခွင့်ချထားပေးတဲ့ ဧရိယာဟာ ရတနာနယ်မြေ ဧရိယာ ရဲ့ ၁ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013