DVB Logo
Home
မြန်မာသတင်း
ကျောက်မဲနှင့် သီပေါတွင် စစ်ပြေးဒုက္ခသည် ၁၆၀၀ ခန့် ရောက်ရှိ
DVB
·
May 11, 2016
ကျောက်မဲနှင့် သီပေါတွင် စစ်ပြေးဒုက္ခသည် ၁၆၀၀ ခန့် ရောက်ရှိ
Donate to DVB

ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များကြား စစ်ရေးတင်းမာမှုတွေကြောင့် ရှမ်းပြည်နယ်၊ ကျောက်မဲနဲ့ သီပေါမြို့တို့မှာ စစ်ပြေးဒုက္ခသည် ၁၆၀၀ ခန့် ရောက်ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကုလအဖွဲ့ဝန်ထမ်းများဟာ အဲ့ဒီဒေသတွေကို သွားရောက်ခဲ့ကြပြီး မေလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်ပြေးဒုက္ခသည်တွေဟာ ကျောက်မဲနဲ့ သီပေါမြို့များကို မေလ ၇ ရက်နဲ့ ၈ ရက်တို့မှာ ရောက်ရှိလာကြပြီး မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများမှာ ခိုလှုံနေထိုင်နေကြပါတယ်။

အစိုးရ ကယ်ဆယ်ရေးဌာနနဲ့ ကြက်ခြေနီအသင်းတို့က လိုအပ်တာတွေ ကူညီပံ့ပိုးပေးထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့အဖွဲ့ဟာ မေ ၉ ရက်က စစ်ပြေးဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး အလှူငွေ လှူဒါန်းတယ်၊ အားပေးစကား ပြောခဲ့တယ်လို့ အစိုးရသတင်းတရပ်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013