DVB Logo
Home
Lead Story
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းဆုနှင့် မေးမြန်းချက်
DVB
·
May 10, 2016
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းဆုနှင့် မေးမြန်းချက်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်အချင်းချင်း အကြားတကျော့ပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအခြေအနေရဲ့ အတိုင်းအဆက ဘယ်လောက်ရှိပါသလဲခင်ဗျ။
“တိုက်ပွဲက တော်တော်လေး ဆိုးသွားပါတယ်ခင်ဗျ၊ တော်တော်လေးဆိုးတယ်ဆိုတာက နှစ်ဖက်က အပြန်အလှန်နားလည်မှု အားနည်းပြီးတော့ အပြန်အလှန်အတင်းအလျော့တွေ ဟိုဟာပေါ့ ကျနော်တို့ဖြစ်ချင်တတဲ့အတိုင်းအတာ၊ တိုက်တွန်းတဲ့အတိုင်းအတာက ဖြစ်မလာပဲနဲ့ အရင်တခေါက်တုန်းကပေါ့ ကျနော်တို့က ထုတ်ပြန်ထားတာရှိတယ်လေ။ နောက်တော့ ပိုပြီးတော့ ပြင်းလာတဲ့သဘောရှိတယ်လေ။ နောက်ပြီးတော့လည်း လူ့အခွင့်အရေးတွေ အပြန်အလှန် ချိုးဖောက်မှုတွေရှိတယ်၊ ရှိတယ်ဆိုတာက မုန်းဝီးဘက်က ဟိုပန်ရွာဆိုတဲ့ဟာ အဆိုးဆုံးဖြစ်နေတယ်။ အဲဒီဟာက အပြန်အလှန် လက်ညှိုးထိုးနေတယ်။ ရွာမီးရှို့တဲ့ဟာ သက်သေအထောက်အထားတွေ တိတိကျကျမှန်မှန်ကန်ကန်ရအောင်လို့ ကျနော်တို့က ဖော်ထုတ်ဖို့ တိုက်တွန်းချင်တယ်၊ အပြည့်အစုံပေါ့နော်။ အခုက အပြန်အလှန်လက်ညှိုးထိုး နေတယ်။ အပြန်အလှန်လက်ညှိုးထိုးနေပေမယ့်လည်း ခံရတာက ကျနော်တို့ရှမ်းရွာတွေဖြစ်သည့် အတွက်ပေါ့နော်၊ ကျနော်တို့ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်ရဲ့ အဖွဲ့အစည်းတခုအနေနဲ့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ အဲဒါလေးတွေကို နှစ်ဦးနှစ်ဖက် သူတို့ကို တာဝန်ရှိတယ်လို့ ကျနော်တို့က ပြောချင်ပါတယ်။ အဲဒါလေးကို အဓိကဦးစားပေးပြီးတော့ အဲဒီကောင်ကို ဖြေရှင်းဖို့နည်းလမ်း၊ ပြည်သူလူထုတွေ အများဒုက္ခရောက်နေတဲ့ဟာတွေကို ၀ိုင်းဝန်းပြီးတော့ ကူညီကြရအောင်လို့ တိုက်တွန်းချင်ပါတယ်။”

မီးလောင်ခဲ့တဲ့ရွာက ရှမ်းပြည်တိုးတက်ရေးပါတီ ထိန်းချုပ်ဂွင်လား။
“အဲ့ထဲမှာတော့ လှုပ်ရှားတာတော့ လှုပ်ရှားကြတာပါပဲ။ ဒါပေမယ့် ကျနော်တို့ဂွင်ကျတော့ ဟိုဖက်ကျတော့ နည်းနည်းဝေးတယ်ပေါ့ နမ့်ခမ်း ရွှေလီချိုင့်ဝှမ်းဒေသမှာတော့ ကျနော်တို့က အုပ်စိုးမှုတွေက စီမံခန့်ခွဲမှုတွေ လုပ်ထားတာရှိတယ်။ ပြီးတော့လည်း အခုဖြစ်နေတဲ့ ဟိုပန်ဆိုတဲ့ နေရာမှာ RCSS ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) လည်းနေထားတယ်။ ပလောင်လည်း ရှိထားတယ်။ ကေအိုင်အေ (ကချင်လွတ်လပ်ရေးအဖွဲ့) လည်းရှိတယ်ဆိုတော့ ဘယ်နှစ်ဖွဲ့ တောင်မှ ပုံနေတဲ့အခါကျတော့ သူတို့က ဟိုဘက်မှာ ရန်ဖြစ်တဲ့နေရာမှာ ကျနော်တို့ ဗဟို ဌာနချုပ်နဲ့ အလှမ်းဝေးတော့ အဲဒီမှာဖြစ်ပျက်နေတဲ့အခြေအနေကို ကျနော်တို့က တိကျမှန်စွာ မသိနိုင်ဘူးပေါ့နော်။”

ဗိုလ်မှူးတို့အဖွဲ့က တအာင်းပလောင်နဲ့ ယူအန်အက်ဖ်စီ (ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) အဖွဲ့ဝင်ချင်း မဟာမိတ်၊ အန်စီအေ (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) ထိုးထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ကျတော့ တိုင်းရင်းသားမျိုးနွယ်စု တူတယ်ဆိုတော့ ဒီဖြစ်စဉ်ကြီးတခုလုံးကို တိုက်တွန်းတာအပြင် တခြားဘယ်လို ကြားဝင် ဆောင်ရွက်တာရှိလဲ။
“ကျနော်တို့ ကြားဝင်ညှိနှိုင်းထားတာတော့ အရင်တခေါက်တုန်းကလည်း ကျနော်လုပ်ပါတယ်။ အရင်တခေါက်တုန်းက ကျနော်တို့ ထုတ်ပြန်ကြေညာချက်ထုတ်ပြီးနောက်ပိုင်း ကျနော်တို့က JAC (ပူးတွဲလှုပ်ရှားမှုကော်မတီ) အနေနဲ့ ဖွဲ့စည်းထားတဲ့ အက်အန်အယ်လ်ဒီ (ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်) နဲ့ ကျနော်တို့ SSPP ပါတီနဲ့၊ ကျန်တဲ့ အရင်တုန်းက ကျနော်တို့က SSA အဖွဲ့အစည်းဖြစ်တဲ့ စိန်ကျော့ဌာနေပြည်သူ့စစ် ဗိုလ်ချုပ်လွယ်မောင်းတို့၊ ဗိုလ်ချုပ်ကိုင်ဖတို့ အဲလိုမျိုးဖွဲ့ပါတယ်။ ကျနော်တို့က စုပေါင်း JAC အနေနဲ့ RCSS ကို သွားပြီးတွေ့ဆုံဆွေးနွေး ခဲ့သေးတယ်။ ဒါပေမယ့် ညိနှိုင်းတဲ့နေရာမှာ သူတို့က နေရာပဲကွာတယ်။ ပလောင်က တနေရာ တောင်းတယ်တွေ့ဆုံဖို့ကို၊ RCSS က တနေရာပေါ့၊ ချင်းမိုင် သို့မဟုတ် လွယ်တိုင်းလန်း ဌာနချုပ်တို့။ နောက်ပိုင်းမှာ ပလောင်ကလည်း ရွှေလီ (တရုတ်နိုင်ငံ) သို့မဟုတ် မိုင်းလားတို့ ပြောတာပေါ့။ အဲဒီတော့ ဒီ နှစ်ဖက်တပ် ဖြစ်ချင်တဲ့နေရာတွေကို သူတို့က အပြန်အလှန် လိုက်လိုက်လျောလျော အတင်းအလျော့အားနည်းတဲ့အခါကျတော့ ဖြစ်မလာခဲ့ဘူး။ ကျနော်တို့ UNFC အနေနဲ့လည်း ဒီလိုနည်းလမ်းနဲ့ပဲ စီစဉ်ပြီးတော့ ကြားထဲမှာနေပြီးတော့ လုပ်ပေးမယ်လို့ ညှိနှိုင်းခဲ့တယ်။ ဒါပေမယ့် အဲလိုမျိုး ဖြစ်မလာဘူး။ ဖြစ်မလာတော့ နောက်ပိုင်းမှာ ပန်ဆန်းမှာ ကျနော်တို့ ဆွေးနွေးကြတယ်။ ဆွေးနွေးတော့လည်း အဲဒါမှာလည်း ကျနော်တို့က မိုင်းလားကနေ စီစဉ်ပေးတယ်။ အဲဒီ မိုင်းလားမှာလည်း ဟိုဟာပေါ့ ဗိုလ်ချုပ်ကြီးယွက်စစ်အနေနဲ့ သူကလည်း သွားနေကြတာပါပဲ။ အဲဒီမိုင်းလားမှာ သွားသွားလာလာတာ သူ့အတွက်လည်း အဆင်ပြေမယ်လို့ ကျနော်တို့က ထင်တယ်လေ။ အဲဒီတော့ ပလောင်မှာလည်း အဆင်ပြေနိုင်လောက်တယ်လို့ ကျနော်တို့က မြင်ထားတယ်လေ။ အဲဒီတော့ အဲဒီမှာ စီစဉ်ပေးထားတာနဲ့လည်း နှစ်ဖက်က လက်မခံဘူးဖြစ်နေတော့၊ ပလောင်က လက်ခံတဲ့နေရာမှာ RCSS က လက်မခံဘူး။ အဲဒီတော့ ဒီဘက်ကလည်း စစ်အင်အားတွေ လျှော့မသွားဘဲနဲ့၊ လျော့မသွားဘဲနဲ့ ပိုပိုလာနေတဲ့အခါကျတော့ နှစ်ဖက်စလုံးက သူတို့က ပွဲပြန်ဖြစ်လာတာဖြစ်တယ်။ တကယ့် မကောင်းတဲ့ဖြစ်ရပါပဲ ဒီဟာ တွေ။”

ဗိုလ်မှူးတို့ ဒီတိုက်ပွဲတွေကို ရပ်နားပြေလည်အောင် အကောင်းဆုံးဖြေရှင်းမယ့်နည်းလမ်းက နှစ်ဖက်ခေါင်းဆောင်တွေကို ဒီကနေ ဘာတိုက်တွန်းပြောဆိုချင်ပါသလဲ။
“အဲဒါကျတော့ တိုင်းရင်းသားအချင်းချင်းကျတော့ အပြန်အလှန်ညှိနှိုင်းတာ အခုက ဒုတိယအဆင့် တောင်မှဖြစ်သွားပြီ။ ဘာကြောင့်လဲဆိုတော့ ပထမဆုံးကလည်း ကျနော်တို့ညှိတယ်၊ အဆင်မပြေဘူး။ နောက်ဆုံးအဆင့်မှာလည်း မိုင်းလားမှာလည်း ပြန်ညှိပေးသေးတယ် အဆင်မပြေခဲ့ဘူး။ ဒါက ကျနော်တို့ တိုင်းရင်းသားအချင်းချင်းရဲ့ ညှိနှိုင်းမှုပေါ့နော်။ RCSS မှာလည်း အဆင်ပြေနိုင်အောင် ကျနော်တို့က ဆက်လက်ပြီးတော့ အားမလျော့ပဲနဲ့ သူတို့က ဆက်လက်ကြိုးစားသွားမယ်။ ပိုပြီးတော့ တာဝန်ရှိတာက အစိုးရဖြစ်ပါတယ်။ အခုက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး ပြောနေတာက အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ပဲ ငြိမ်းချမ်းရေး ပြောရင်တော့ မဖြစ်လောက်ဘူးပေါ့နော်။ ဒါတွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာ ဘယ်အဖွဲ့အစည်းမှ ကျနော်တို့တိုင်းပြည်မှာ စစ်ပွဲမဖြစ်စေရဘူး။ အခုက ဗမာတပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့နဲ့ တိုက်ပွဲမဖြစ်တာ ငြိမ်းချမ်းရေးဖြစ်တယ်ဆိုပြီးတော့ အဲလိုမျိုးတခု အဓိပ္ပါယ်ဖွင့်ဆိုချက်လေးနဲ့ယူသွားရင်တော့ မဖြစ်ဘူးပေါ့နော်။ အခုက ဖြစ်နေတဲ့ ပလောင်နဲ့ ရှမ်းနဲ့ ရန်ဖြစ်နေတဲ့ကိစ္စက အဲ့ထဲမှာ ဗမာတွေက၊ ဗမာ့တပ်မတော်ကလည်း ပါဝင်နေတော့ အဲဒီကြားထဲမှာ လုံးဝ ဗမာ့တပ်မတော်နဲ့ အစိုးရနဲ့ လုံးဝတာဝန်ရှိ၊ ပိုပြီးတော့ တာဝန်ရှိတယ်လို့ ကျနော်တို့က ပြောချင်တယ်ဗျ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013