DVB Logo
Home
မြန်မာသတင်း
ထိုင်းရှိ မြန်မာလုပ်သားများအခွင့်အရေး တိုးမြှင့်ရရှိရန် အစိုးရချင်းဆွေးနွေး
DVB
·
May 9, 2016
ထိုင်းရှိ မြန်မာလုပ်သားများအခွင့်အရေး တိုးမြှင့်ရရှိရန် အစိုးရချင်းဆွေးနွေး
Donate to DVB

မြန်မာ-ထိုင်းနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးရဲ့ နေပြည်တော်တွေ့ဆုံပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေးကိစ္စကို အလေးထားဆွေးနွေးခဲ့ကြပြီး အစပျိုးရလဒ်ကောင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းနဲ့ မြန်မာနိုင်ငံခြာရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့မွန်းလွဲပိုင်းက နေပြည်တော်မှာ နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁.၅၉ သန်း မှတ်ပုံတင်ထားကြောင်း၊ ယခင်ကနှင့်မတူဘဲ သူတို့ရဲ့သားသမီးတွေ ပညာသင်ကြားခွင့်ရနေကြကြောင်း၊ ထိုင်းလုပ်သားတွေနည်းတူ ကျန်းမာရေး ဆေးကုသခွင့် ရရှိထားပြီးဖြစ်ကြောင်း၊ ထိုင်းလုပ်သားများ နည်းတူ အခွင့်အရေးများ တန်းတူရရှိရေးအတွက် တဖြည်းဖြည်း တိုးမြှင့်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိစ္စနဲ့ပတ်သက်လို့ တာဝန်တွေကို ထိုင်းတစ်နိုင်ငံတည်းအပေါ်မှာသာ ထားမှာမဟုတ်ဘဲ မြန်မာနိုင်ငံအနေနဲ့လည်း တာဝန်ယူဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ရှိကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း မနက်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာရောက် ဂါရ၀ပြုတွေ့ဆုံစဉ်မှာ ထိုင်းရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေအပေါ် အလုပ်သမား အခွင့်အရေး တန်းတူပေးစေလိုတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်နဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံသားတွေဟာ နယ်စပ်တွေကို ဖြတ်ကျော်ပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှာ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ငါးဖမ်း လုပ်ငန်း၊ အိမ်အကူစတဲ့ အလုပ်တွေမှာ လုပ်ကိုင်နေကြရတာ ဆယ်စုနှစ်နဲ့ချီရှိနေပြီဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မတိုင်ခင်နှစ်များက ထိုင်းဘတ်ငွေတဘတ်နဲ့ မြန်မာကျပ်ငွေ တကျပ်ဟာ တန်ဘိုးချင်း တူညီခဲ့ပြီး အခုလက်ရှိမှာတော့ ထိုင်းဘတ်ငွေ တဘတ်ဟာ မြန်မာကျပ်ငွေ ၃၀ ၀န်းကျင်အထိ ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ တရက်အနိမ့်ဆုံးလုပ်အားခ ထိုင်းဘတ်ငွေ ၃၀၀ (မြန်မာကျပ်ငွေ ၉၀၀၀ ခန်) ရရှိနေပြီး မြန်မာနိုင်ငံမှာတော့ တရက်အနိမ့်ဆုံးလုပ်အားခ ၃၆၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ထိုင်းရောက် မြန်မာအလုပ်သမားတွေကတော့ ထိုင်းနိုင်ငံတွင်းအ လုပ်လုပ်ခွင့်၊ ဆေးကုသခွင့်တွေပေးဆောင်ရပြီး တနှစ်ကို ထိုင်းဘတ်ငွေ ၃၆၀၀ ခန့်ကျ သင့်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာ မြန်မာ-ထိုင်း နှစ်နိုင်ငံခေါင်းဆောင်တွေ အပြန်အလှန် ချစ်ကြည်ရေးခရီးလည်ပတ်ရေး၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ကဏ္ဍစုံတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး၊ အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကို ဆွေးနွေးခဲ့ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013