DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းဆန္ဒပြသမားများ တရားရင်ဆိုင်ရဖွယ်ရှိ
DVB
·
May 9, 2016
လက်ပံတောင်းဆန္ဒပြသမားများ တရားရင်ဆိုင်ရဖွယ်ရှိ
Donate to DVB

လွန်ခဲ့တဲ့ရက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ လက်ပံတောင်းကြေးနီစီမံကိန်းနယ်မြေဆန္ဒပြပွဲမှာ ဦးဆောင်သူတွေနဲ့ ပါဝင်သူတွေကို ရဲလုံထိန်းအဖွဲ့နဲ့ ကုမ္ပဏီက တရားစွဲဆိုထားတယ်လို့ ကြားသိရပါတယ်။

ဆည်တည်းရွာသူ မရီဝင်းက “ဘယ်သူ့ကိုစွဲတာလည်းဆိုတော့ ပုဒ်မ ၁၈ နဲ့ကျတော့ မစန္ဒာနဲ့ မမာချိုတဲ့။ ကျန်တဲ့အကျိုးစီးပွားပျက်စီးမှု ပုဒ်မ ၁၃၇ ကျတော့တဲ့ တောင်သူသမားတွေ အကုန်လုံးတဲ့ အဲဒါကကျတော့ ကုမ္ပဏီနဲ့ရဲလုံထိန်းတွေက စွဲတယ်လို့ပြောတာပဲ”လို့ ပြောပါတယ်။

ရွာသားချင်းချင်း တဆင့်စကားတဆင့်နား ပြောစကားကိုသာ ကြားသိနေရသေးပြီး တရားဝင် စာနဲ့ အကြောင်းကြားတာတော့ မရှိသေးဘူးလို့ မရီဝင်းက ပြောဆိုပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသက တောင်သူတွေက လွန်ခဲ့တဲ့ မေလ၄ ရက်နေ့ ကနေ ၇ ရက်နေ့ထိ ဆန္ဒပြခဲ့ကြရာမှာ စီမံကိန်းဆက်လုပ်ရင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အတိုင်းဆောင်ရွက်ဖို့၊ အကယ်လို့ မလုပ်နိုင်ရင် စီမံကိန်းကိုဖျက်သိမ်းဖို့ဆိုတဲ့ တောင်းဆိုချက်နဲ့ ဆန္ဒပြကြပါတယ်။

ဆန္ဒပြပွဲအတွင်း ခွင့်ပြုချက်မယူဘဲစုဝေးဆန္ဒပြမှု၊ ကုမ္ပဏီဆိုင်းဘုတ်တွေကို ဆေးအနီရောင် လိမ်းခြယ်မှုတွေကြောင့် တရားစွဲဆိုမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီဗွီဘီက ကာယကံရှင်တွေကို မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးတာကြောင့် ဒီဗွီဘီက သီးခြားအတည်ပြုချက်မပေးနိုင်ပါဘူး။

ဆန္ဒပြပွဲတွေကို မေလ ရှစ်ရက်နေ့ကစတင် ရပ်နားထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကလည်း ဆန္ဒပြရွာသားတွေနဲ့ အခုရက်ပိုင်းအတွင်း တွေ့ဆုံမယ်လို့ ချိန်းဆိုထားတယ်လို့ ဒေသခံရွာသားတွေအဆိုအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013