DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တွင် တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးစဉ် ပဋိပက္ခဖြစ်ပွား
DVB
·
May 9, 2016
တိုက်ကြီးမြို့နယ်တွင် တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးစဉ် ပဋိပက္ခဖြစ်ပွား
1 / 4
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ၀ံကိုက်ကျေးရွာမှာ မေလ ၇ ရက်နေ့က တရားမ၀င် ကျွန်းသစ်နဲ့ လှည်းတွေကို ၀င်ရောက်ဖမ်းဆီးနေစဉ် ဒုတ်၊ ဓား ကိုင်ဆောင်ထားတဲ့ လူအုပ်စုက ဖမ်းဆီးထားတဲ့ ကျွန်းသစ်တင်လှည်းတွေကို ပြန်လည်ယူဆောင်သွားခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးဌာန သစ်တောဦးစီးမှူးက ပြောပါတယ်။

မြို့နယ်သစ်တောဦးစီးဌာနက သစ်တောဦးစီးမှူး ဦးမောင်မောင်သက်နဲ့ ဥက္ကံနယ်မြေခံ သစ်တောဝန်ထမ်းတွေက မေလ ၇ ရက်နေ့မှာ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ဘွက်ကုန်းကျေးရွာ အုပ်စု၊ ဝံကိုက်ကျေးရွာတွင် ၀င်ရောက်ရှာဖွေရာ တရားမဝင် ကျွန်းသစ်တွေ  ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ သစ်လုံးတွေနဲ့လှည်းတွေကို ကားပေါ်တင်နေချိန်မှာ ရွာထဲက လူတစုက ဒုတ်၊ ဓားတွေ ကိုင်ထွက်လာပြီးကားပေါ်မှာ ဖမ်းဆီးသိမ်းဆည်းထားတဲ့ လှည်းတွေကို လာရောက်ယူ ဆောင်သွားကြတာပါ။

အဲဒီလို ဒုတ်တွေ ဓားတွေနဲ့လာရောက် ယူဆောင်တာကို မှတ်တမ်းဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူး တာတွေ ပြုလုပ်ရင် ဓားနဲ့ခုတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးမောင်မောင်သက်က ပြောပါတယ်။

“ကျနော်တို့ အဖွဲ့တွေ သတင်းရလို့ မေ ၇ ရက်နေ့ မနက် ၆ နာရီခွဲမှာ မြို့နယ်သစ်တော ဦးစီးအဖွဲ့ရယ်၊ နယ်မြေခံသစ်တောအဖွဲတွေ ပေါင်းပြီး ရွာအနောက်ဘက်ကနေ ဝင်ရောက်ခဲ့ပါ တယ်။ ရွာရဲ့ကောက်ရိုးပုံတွေအောက်မှာ တရားမ၀င်ကျွန်းသစ်တွေ ဖွက်ထားတာ တွေ့ရပါ တယ်။ ကျွန်းသစ်ကို လှည်း ၄ စီးပေါ် တင်ထားတာ တွေ့ရပြီး တရားမဝင်ကျွန်းသစ် အရှည်၊ အတိုနှင့်တိုင် ၆၅ လုံး၊ ပျဉ်းကတိုး ၁ လုံး စုစုပေါင်း ၁၄ တန်ကျော် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလို ကျွန်းသစ်တွေကို ဖမ်းဆီးနေစဉ် ဖမ်းဆီးသိမ်းဆည်းထားတဲ့ လှည်းတွေကို လူအုပ်စုတစု  ဒုတ်တွေ ဓားတွေနဲ့လာရောက် ယူဆောင်တာကို မှတ်တမ်းဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးတာတွေ ပြုလုပ်ရင် ဓားနဲ့ခုတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်ခဲ့တယ်။”

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးဆောင်ရွက်ပေးဖို့ ဥက္ကံနယ်မြေရဲစခန်းမှာ တိုင်ထားတယ်လို့ တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးမောင်မောင်သက်က ပြောပါတယ်။

သတင်း - မေသွယ် (CJ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013