DVB Logo
Home
မြန်မာသတင်း
ဗကသညီလာခံကို ခြောက်လအတွင်း ခေါ်ယူပြီး တာဝန်လွှဲအပ်မည်
DVB
·
May 9, 2016
ဗကသညီလာခံကို ခြောက်လအတွင်း ခေါ်ယူပြီး တာဝန်လွှဲအပ်မည်
Donate to DVB

လာမယ့်ခြောက်လအတွင်းခေါ်ယူကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံကနေ ပေါ်ပေါက်လာတဲ့ အလုပ်အမှုဆောင်ကို တာဝန်လွှဲပြောင်းမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုလုပ်ငန်းကော်မတီက မေ ၈ ရက်နေ့က အချိန်ဇယား ထုတ်ပြန်ပါတယ်။

ဗကသ နှစ်ရှစ်ဆယ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ ဖော်ပြရာမှာ “ဗဟိုလုပ်ငန်းကော်မတီ အနေဖြင့် (၆)လထက် မပိုသောအချိန်တွင် လက်ရှိထမ်းဆောင်နေသော တာဝန် အသီးသီးမှ ရပ်ဆိုင်း ဖျက်သိမ်းမည် ဖြစ်ပြီး ညီလာခံ ကျင်းပရေးကော်မတီက ကျင်းပသော ညီလာခံမှတဆင့် ပေါ်ထွက်လာမည့် ဗဟိုအလုပ်အမှုဆောင်သို့ လွှဲအပ်သွားမည်ဖြစ်ပါသည်”လို့ ဖော်ပြပါတယ်။

ဗဟိုလုပ်ငန်းကော်မတီစုံညီ အစည်းအဝေး ကျင်းပခဲ့တဲ့ မေလ ၂ ရက်နေမှာ ၂ လပြည့်တဲ့အခါ တက္ကသိုလ်ပေါင်းစုံ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမယ်။  ၄ လပြည့်တဲ့ အခါ ခရိုင်ပေါင်းစုံ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမယ်လို့ အချိန်ဇယား ဖော်ပြပါတယ်။

စက်တင်ဘာ ၉ လပိုင်းဆန်းလောက်မှာ ကျရောက်ကျင်းပကြမယ့် ခရိုင်ပေါင်းစုံတွေ့ဆုံပွဲက ညီလာခံကျင်းပရေးကော်မတီတရပ်ကို ၂၀၁၂ ကနေ ၂၀၁၆  အတွင်း တာဝန်ထမ်းဆောင်ခဲ့ သော/ထမ်းဆောင်လျက်ရှိသော ဗကသ ကျောင်းသား ကျောင်းသူများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် သွားမယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် ညီလာခံက ပေါ်ပေါက်လာတဲ့ အမှုဆောင်အဖွဲ့ကို တာဝန်လွှဲအပ်ချိန်ဟာ ဒီနှစ် ဒီဇင်ဘာမတိုင်မီ ဖြစ်မှာပါ။

နိုင်ငံလုံးဆိုင်ရာကျောင်းသားထုညီလာခံ ကျင်းပနိုင်ရေးအတွက် ဗကသကျောင်းသားဟောင်းများ နဲ့ ကျောင်းသားမျိုးဆက်သစ်တွေရဲ့ ပူးပေါင်းကြိုးစား အားထုတ်မှုကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြဖို့လည်း ပန်ကြားထားပါတယ်။

ရှစ်လေးလုံးလူထုအရေးတော်ပုံဖြစ်ပွားမှုအစ ကျောင်းသားသပိတ်ကာလ ၁၉၈၈ ခုနှစ်မှာ ဗကသ ယာယီညီလာခံတရပ်သာ ကျင်းပနိုင်ခဲ့ပေမယ့် အခုကျင်းပမယ့် ညီလာခံကတော့ လက်ရှိ ဒီမိုကရေစီနည်းကျတင်မြှောက်ခံရတဲ့ အစိုးရခေတ်မှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ကို မြန်မာနိုင်ငံ ကိုလိုနီနယ်ချဲ့ လက်အောက်ကျရောက်စဉ်ကာလ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့ ပါတယ်။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းစဉ်မှာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဗကသ အဆောက်အဦကို ဒိုက်နမိုက်နဲ့ ဖြိုခွဲဖျက်ဆီးခဲ့ပြီး ဖမ်းဆီးမှုတွေကြောင့် ဗကသ ဟာ မြေအောက်လှုပ်ရှားမှုအသွင်နဲ့သာ တောက်လျောက်ရပ်တည်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013