DVB Logo
Home
မြန်မာသတင်း
မြန်မာနေရှင်နယ် ရုပ်မြင်သံကြား မကြာမီစတင်ထုတ်လွှင့်မည်
DVB
·
August 30, 2011
Donate to DVB

မြန်မာပြည်မှာ လက်ရှိ ရုပ်မြင်သံကြားလိုင်း လေးခုအပြင် MN TV အခမဲ့ ရုပ်မြင်သံကြား လိုင်းတခု တိုးလာတော့မယ်လို့ အစိုးရသတင်းစာက ဖော်ပြပါတယ်။

မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီ၊ MRTV- 4၊ မြန်မာအင်တာနေရှင်နယ်(MI) တို့လို့ အခမဲ့ရုပ်သံလိုင်းတခု ဖြစ်တဲ့ MN TV (Myanmar National TV) ကို ရွှေသံလွင် ကုမ္ပဏီက ဒီနှစ်နှောင်းပိုင်း စတင်ထုတ်လွှင့်တော့မှာပါ။

သတင်းအချက်အလက်တွေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ အဓိကပါဝင်မယ့် Infotainment (သတင်းဖျော်ဖြေရေး) အဖြစ် ထုတ်လွှင့်မှာပါလို့ MN TV အထွေထွေမန် နေဂျာ ဦးစိုင်းဇွမ်ဖက  ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ပြောကြားထားပါတယ်။ ပြည်တွင်းပြည်ပ အဖြစ်အပျက်တွေကို အချိန်မီ အထိရောက်ဆုံး တင်ဆက်မယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်းက မီဒီယာသမားတဦးကတော့ ဂျာနယ်သတင်းတွေ ဖတ်ပြတာနဲ့ MRTV 4 ကြေညာနေတဲ့ သတင်းမျိုးနဲ့ သူတို့ကိုယ်ပိုင်အစီအစဉ်တချို့ကို တင်ပြနိုင်မှာပါ လို့ သုံးသပ်ပြီး အရေးပါတဲ့သတင်းတွေတော့ လွှင့်နိုင်ဦးမယ်မထင်ဘူးလို့ သုံးသပ်ပါတယ်။

“သတင်းလို့ပြောပေမယ့် မော်ဒယ်ပွဲလုပ်တာတို့၊ စာအုပ်မိတ်ဆက်ပွဲလုပ်တာတို့ပဲ ပတ်လည်လွှင့်နေဖို့ များပါတယ်။”

MN TV ရုပ်သံလိုင်း ထုတ်လွှင့်ဖို့ ရွှေသံလွင်ကုမ္ပဏီဟာ တရုတ်စီးပွားရေးသမား တွေနဲ့ ဗိုလ်ချုပ်မှူကြီးသန်းရွှေရဲ့မြေး ဖိုးလပြည့် အပါအ၀င် စစ်ခေါင်းဆောင်မိသားစုတချို့ ထည့်ဝင်ထားတဲ့ အစုရှယ်ယာတွေနဲ့ စီစဉ်နေတာပါလို့လည်း ဆိုပါတယ်။

“မြန်မာအင်တာနေရှင်နယ်လိုင်းလည်း သူတို့လုပ်နေတာပဲ။ အဓိကက ရွှေသံလွင် ကျော်ဝင်းတို့ပဲ လုပ်တာပဲလေ။ အခုလည်း နောက်တလိုင်း ထပ်လုပ်တဲ့သဘောပေါ့။ အဓိကက ဖိုးလပြည့်ရှယ်ယာလည်း ပါတယ်ဆိုတော့ သူတို့ တားလို့လည်းမရဘူးလေ၊ တရုတ်က အစုရှယ်ယာလည်းပါတယ်။”

ရွှေသံလွင်ကုမ္ပဏီဟာ အခမဲ့ရုပ်သံလိုင်း နောက်တလိုင်းကို ထုတ်လွှင့်ခွင့်ရထားပြီ လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

လက်ရှိ ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယို ထုတ်လွှင့်မှုအများစုကို ရွှေသံလွင် ကုမ္ပဏီနဲ့  Forever Group တို့က အဓိက လုပ်ပိုင်ခွင့်ရနေပြီး ရှယ်ယာပိုင်ရှင်အများစုက စစ်ခေါင်းဆောင်ဟောင်း မိသားစုတွေဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာတချို့နဲ့ မြန်မာပြည်ဖွား တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေလည်း ရှယ်ယာဝင်ထားကြတာပါ။

ဒီကုမ္ပဏီတွေဟာ ရန်ကုန် မြန်မာ့အသံ အဆောက်အဦအပါအ၀င် နိုင်ငံပိုင်အ ဆောက်အဦ တွေနဲ့ စက်ပစ္စည်းတွေ သုံးနေတာကိုလည်း ဝေဖန်သူတွေရှိပါတယ်။

မီဒီယာသမားတွေကတော့ အစိုးရသစ်လက်ထက်မှာ ရုပ်မြင်သံကြားလိုင်းနဲ့ သတင်းစာအပြင် အင်တာနက်ကနေ ရုပ်သံတွေ ထုတ်လွှင့်နိုင်ဖို့ မျှော်လင့်နေကြပြီး ပြင် ဆင်နေသူတွေလည်း ရှိပါတယ်။

နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တချို့ကလည်း မီဒီယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေကြပါတယ်။

လက်ရှိမှာတော့ အစိုးရပိုင် ရုပ်သံလိုင်းတွေကို ပြန်ကြားရေးဝန်ကြီးဌာန၊ တပ်မ တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတို့က ထုတ်လွှင့်နေပါတယ်။

ဒီရုပ်သံလိုင်းတွေမှာ ကုန်ပစ္စည်းကြော်ငြာတွေကနေ လစဉ် ကျပ်သန်း ၂၀၀ ကနေ  ၃၀၀ အထိ ၀င်ငွေရနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013