DVB Logo
Home
Lead Story
စာနာမှုကို ပြသသည့် ပွေ့ဖက်ခြင်း အစီအစဉ် လူငယ်တစု စတင်
DVB
·
May 9, 2016
စာနာမှုကို ပြသသည့် ပွေ့ဖက်ခြင်း အစီအစဉ် လူငယ်တစု စတင်
1 / 6
Donate to DVB

စာနာမှုကို ပြသနိုင်ဖို့ နှစ်သိမ့်ပွေ့ဖက်တဲ့ ဓလေ့ကို ပြန်ဖော်ထုတ်တဲ့အနေနဲ့ Free Hugs ဆိုတဲ့ အစီအစဉ်ကို လူငယ်တစုက စတင်လိုက်ပါတယ်။

မေလ ၈ ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်း ၅ နာရီကနေ ၇ နာရီလောက်အထိ လှည်းတန်းလမ်းဆုံမှာ ပြုလုပ်ခဲ့ကြတာပါ။

“အခုခေတ်က တော်ရုံတန်ရုံကြင်နာမှုဆိုတာ မရှိတော့ဘူး။ ကျနော်တို့ စိတ်ညစ်နေတဲ့ အချိန်မှာ တစ်ယောက်ကယောက်က နွေးနွေးထွေးထွေး ဖက်လိုက်တယ်ဆိုရင် အနည်းဆုံး ပီတိဖြစ်ပြီး ပျော်သွားမယ်လေ။ ခုတော့ နွေးထွေးမှုတွေ တဖြည်းဖြည်းရှားသွားတယ်လို့ ကျနော်တို့ ခံစားရ တယ်” လို့ ဦးဆောင်စီစဉ်သူ မဂျူးဂျူးက ပြောပါတယ်။

ဒီအတွက် ဖေ့စ်ဘွတ်ခ်ကတဆင့် လုပ်အားပေးကူညီမယ့်သူတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

“လူတိုင်းကို ဘာစိတ်မှမထားပဲ ပွေ့ဖက်ဖို့ ပြင်ဆင်ထားတယ်” လို့ မူဆယ်ကနေ လာရောက် ကူညီတဲ့ နန်းအွမ်သျှန်က ပြောပါတယ်။

နည်းပညာခေတ်ကြီးမှာ  နီးလာတာတွေရှိသလို ဝေးသွားတာတွေရှိတယ်။ ၉၀ ပြည့်နှစ် တွေမှာ like တွေမရှိသေးဘူး။ Reaction တွေမရှိဘူး။ လူတစ်ယောက်ကို ပွေ့ဖက်ပြီး နှစ်သိမ့် ကြတာဟာ တခုတည်းသော စာနာမှုကိုပြတဲ့ နည်းလမ်းဖြစ်တယ်ဆိုတာ ပြန်လည်သတိရ စေချင်လို့ ဖြစ်ပါတယ် လို့ စီစဉ်သူတွေက ဆိုပါတယ်။

“အခြေခံကျောင်းသားဘ၀တုန်းက သူငယ်ချင်းတွေ အများကြီးရှိတယ်။ ခုတော့ နည်းသွားပြီ။ ရှိတဲ့ သူတွေနဲ့လည်း အပြင်မှာ သိပ်မတွေ့ဖြစ်ဘူး။ သူတို့က ခံစားချက်တွေ အဖြစ်အပျက်တွေကို ဖေ့စ်ဘွတ်မှာတင်တယ်။ ကျနော်ကလည်း Like လုပ် Comment ပေးတယ်”လို့ လာရောက် ကူညီတဲ့ ကိုရဲသူဝင်းက ပြောပါတယ်။

ဒီအစီအစဉ်ကို ပြန်သုံးသပ်ပြီး အောင်မြင်ခဲ့ရင် မေလ ၁၅ ရက်နေ့မှာတော့ ရန်ကုန်က ၃ နေရာ လောက်မှာ ဆက်လုပ်သွားဖို့ရှိပါတယ်။

ဒီပွဲဟာ လာမယ့် ၂၉ ရက်နေ့မှာ ပြုလုပ်မယ့် ၉၀ ခုနှစ်တွေဆီက ခံစားမှု၊ အဖြစ်အပျက်တွေကို ဖန်တီးကြမယ့် 90s' Kids ကို မိတ်ဆက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013