DVB Logo
Home
မြန်မာသတင်း
ဖားကန့်ဒေသတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ
DVB
·
May 9, 2016
ဖားကန့်ဒေသတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မနေ့ မေလ ၈ ရက်နေ့ မနက်ကစပြီး ညပိုင်းအထိ  ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်း ထုတ်ပြန်ပါတယ်။

မေ ၈ ရက် မနက် ၇ နာရီခန့်မှာ ဆိုင်းတောင်စခန်းအနီး လက်လုပ်မိုင်းတလုံး ပေါက်ကွဲလို့ အမျိုးသမီးတဦး ပေါင်ရင်းမှာ ဗုံးစထိမှန်ခဲ့ပြီး မွန်းလွဲ ၂ နာရီမှ ည ၇ နာရီအတွင်း ဆိုင်းတောင် မှော်ရှန်ရပ်ကွက်မှာ ဗုံးလေးလုံး ဆက်လက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ညနေ ၄ နာရီလောက်မှာလည်း ဖားကန့်မြို့နဲ့ မရှီကထောင်ရပ်ကွက်ကို ဆက်သွယ်ထားတဲ့ ဥရုရတနာတံတားအနီးရှိ လုံခြုံရေး ရဲကင်းအနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့လို့ လူထိခိုက်မှု မရှိပေမယ့် ရပ်ထားတဲ့ မီးသတ်ကား မှန်ကွဲသွားခဲ့သလို လုံးခင်းကျေးရွာ ကျောက်ဝိုင်းအနီးမှာလည်း  ည ၇ နာရီခန့်က ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။

အခုလို ဗုံးပေါက်ကွဲတာတွေနဲ့ ပတ်သက်လို့ ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာ ရပ်မိရပ်ဖ ဦးရွှေသိန်းက “အဲဒီပေါက်ကွဲမှုတွေက ရွာလယ်ခေါင်မှာရှိတဲ့ စစ်တပ်စခန်းနား ပေါက်သွားတာ၊ ခြံစည်းရိုးနဲ့ကပ်ရက်၊ မနက်ပိုင်းက ပေါက်ကွဲနေရာနဲ့ နေ့ခင်း ၂ နာရီလောက်က ပေါက်ကွဲတဲ့နေရာနဲ့ သိပ်မဝေးဘူး၊ တကြောတည်းပဲ၊ ရွာလယ်မှာဖြစ်တော့ ကျနော်တို့က စိုးရိမ်စိတ်တော့ ရှိတာပေါ့။ အရင်တပတ်က ကံဆီးဘက်၊ အောင်ဘာလေဘက်မှာ တိုက်ပွဲဖြစ်တယ်၊ အဲဒါတွေ ဆက်စပ်မှုရှိမလားဆိုပြီး စိုးရိမ်တာပေါ့” လို့ ပြောပါတယ်။

ဖားကန့်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ညနေ ၆ နာရီခန့်မှာ  ဖားကန့်နဲ့  ဆိုင်းတောင်သွား လမ်းမကြီးကို ပိတ်လိုက်ပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013