DVB Logo
Home
မြန်မာသတင်း
အလုပ်ကိုင်ရှာဖွေသူများအတွက် အလုပ်ကိုင်ပြပွဲ မန္တလေးတွင် ကျင်းပ
DVB
·
May 8, 2016
အလုပ်ကိုင်ရှာဖွေသူများအတွက် အလုပ်ကိုင်ပြပွဲ မန္တလေးတွင် ကျင်းပ
1 / 6
Donate to DVB

မန္တလေးမြို့က အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတွက် Work.Com.mm က ဦးဆောင်ပြီး အလုပ်အကိုင်ပြပွဲကို မန္တလေးမြို့ ရတနာပုံစူပါစင်တာ ပရိုမိုးရှင်းဧရိယာမှာ မေလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကျင်းပနေပါတယ်။

အလုပ်အကိုင်ပြပွဲမှာ ကုမ္ပဏီ ၁၄ ခုတို့က သတ်မှတ်အရည်အချင်းပြည့်မီတဲ့ လျှောက်ထားသူတွေကို တစ်ခါတည်းအင်တာဗျုးပြီး ခန့်သွားမှာဖြစ်ပါတယ်။

အလုပ်ကိုင်ရှာဖွေးရေး  ၀က်ဘ်ဆိုဒ် Work.Com.mm ပြောခွင့်ရ မဇင်မာသက်မွန်က “ဒီလိုမျိုးအလုပ်အကိုင်ပြပွဲတွေ ကျင်းပပြုလုပ်ပေးရတဲ့ ရည်ရွယ်ချက်ကဆိုရင် ကျမတို့က Work.com.mm ဆိုတာက Website ကနေအလုပ်ရှာရတဲ့ အလုပ်အကိုင် ရှာဖွေရေး Website တခုဖြစ်ပါတယ်ရှင့်။ အဲ့တော့ Website ကိုပဲပေါ့နော်။ Online ကိုပဲ အသုံးပြုတတ်တဲ့ Online User တွေပဲ အလုပ်ရှာဖွေနေတာ များတဲ့အတွက်ကြောင့်၊ ကျမတို့က Online တင်မကဘူး။ Offline မှာပါ အလုပ်အကိုင်ရှာဖွေနိုင်ရန်ပေါ့နော်။ ဒီပွဲကိုလာတာနဲ့ ကုမ္ပဏီ ဆယ့်လေးငါးခုကို တွေ့ရမယ်။ ပွဲကြီးကြီးရင် ကြီးသလို ကုမ္ပဏီ အခု သုံးဆယ်ဆိုသုံးဆယ် တနေရာတပြိုင်နက်တည်းပေါ့နော်။ အလုပ်ရှာဖွေလို့ရ အောင်ဆိုပြီး ကျမတို့က Online ရော၊ Offline ရောမှာပါ အလုပ်အကိုင်ရှာဖွေ ရရှိနိုင်ရန်အတွက် ဆောင်ရွက်ပေးတာတာပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

အလုပ်အကိုင်ရှာဖွေနေကြတဲ့ လူငယ်တွေအနေနဲ့လည်း ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်ရဖို့အတွက် အခုလိုပြပွဲတွေမှာ လာရောက်ရှာဖွေကြတာတွေ ရှိပြီး တစ်နေရာထဲမှာ အခုလိုရှာဖွေနိုင်တာ ပိုမိုအဆင်ပြေတယ်လို့သိရပါတယ်။

အလုပ်အကိုင်လာရောက်ရှာဖွေသူ ကိုသူရမောင်က “ဒီအလုပ်အကိုင်ပြပွဲတွေ လုပ်ပေးတဲ့အတွက် အဆင်ပြေတာပေါ့။ ကျနော်တို့ ဒီ ကုမ္ပဏီတွေကို သွားစရာမလိုဘဲနဲ့ တနေရာတည်းမှာပဲ အဆင်ပြေပြေနဲ့ အလုပ်အကိုင်တွေဘာတွေရတာပေါ့” လို့ ပြောပါတယ်။

အလုပ်အကိုင်လာရောက်ရှာဖွေသူ မနုနုအေးက        “ကျောင်းပြီးထားတာပေါ့နော်။ အခုအလုပ် လာရှာဖွေတာပေါ့။ တနေရာတည်းနဲ့ အကုန်လုံးကို သိရမယ်ဆိုတော့ ပိုအဆင်ပြေတာ ပေါ့နော်။ အလုပ်အကိုင်ပြပွဲဆိုတော့ အလုပ်မျိုးစုံလည်းပါတယ်လေ။ ကိုယ်နဲ့သင့်တော်တဲ့အရာလေးတွေ လိုက်ရှာတာပေါ့။ ရှာတွေ့မယ်လို့လည်း ထင်ပါတယ်။”

အခုအလုပ်အကိုင်ပြပွဲကနေ အလုပ်အကိုင်နေရာတွေ ရရှိနိုင်သလို အလုပ် အကိုင်ပြပွဲတွေ မရှိတဲ့အချိန်တွေမှာ သင့်တော်တဲ့အလုပ်အကိုင် ရရှိဖို့အတွက် မန္တလေး မြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ အလုပ်အကိုင်ရှာဖွေရေးရုံး ၁၀ နေရာမှာ လာရောက် မှတ်ပုံတင်ပြီး၊ အလုပ်အကိုင် ရှာဖွေလို့ရကြောင်း အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမင်းမင်းဝင်းက မန္တလေးမှာကျင်းပ နေတဲ့ အလုပ်အကိုင်ရှာဖွေရေးပွဲမှာ ပြောကြားခဲ့ပါတယ်။

“အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေတဲ့နေရာမှာ ဒီပွဲတွေတင်မကပါဘဲနဲ့၊ မန္တတိုင်းဒေသကြီးမှာဆိုရင် အလုပ်အကိုင်ရှာဖွေရေးရုံး ၁၀ ရုံးဖွင့်ပြီးတော့ အလုပ် အကိုင်ရှာဖွေတယ်။ လုပ်သားလိုအပ်ချက်ရှိတဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေကလည်း ကျနော်တို့ရဲ့ အဓိက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အလုပ်အကိုင်ရှာဖွေရေးရုံး တွေမှာ လာရောက်အကြောင်းကြားလို့လည်း ရပါတယ်။ လုပ်သားတွေအနေနဲ့လည်း အလုပ်အကိုင်လိုအပ်ရင် ကိုယ်နဲ့သင့်တော်တဲ့ လုပ်ငန်းတွေရရှိဖို့အတွက် ကျနော်တို့ရဲ့ အလုပ်အကိုင်ရှာဖွေရေးရုံးတွေမှာ လာရောက် Register မှတ်ပုံတင်ပြီးတော့လည်း၊ အလုပ်အကိုင်ရှာဖွေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးဆောင် ရွက်ပေးနေတဲ့ကာလ ဖြစ်ပါတယ်။”

မန္တလေးမြို့မှာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွေ ကျင်းပတာနည်းပါးပြီး အခုလို ပွဲတွေကျင်းပပေးခြင်းအားဖြင့် အလုပ်အကိုင်လိုအပ်သူတွေအတွက် များစွာ အကျိုးရှိတယ်လို့ သိရပါတယ်။

ငြိမ်းမိုးနောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013