DVB Logo
Home
မြန်မာသတင်း
ဆောက်လုပ်ရေးကဏ္ဍ အရည်သွေးပိုင်း စစ်ဆေးမှု အားနည်းနေ
DVB
·
May 8, 2016
ဆောက်လုပ်ရေးကဏ္ဍ အရည်သွေးပိုင်း စစ်ဆေးမှု အားနည်းနေ
Donate to DVB

ပြည်တွင်း ဆောက်လုပ်ရေးကဏ္ဍနဲ့ပက်သက်ပြီး အရည်အသွေးပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေရှိပေမယ့် လက်တွေ့လုပ်ဆောင်မှုကတော့ အားနည်းနေသေးတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ပြောဆိုလိုက်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းပိုင်းတွေဖြစ်တဲ့ တိုက်ဆောက်တာတွေ၊ လမ်းဖောက်တာတွေ၊ တံတားဆောက်တာတွေ ဆောက်လုပ်တော့မယ်ဆိုရင် မဆောက်ခင်မှာရော၊ ဆောက်ပြီးတဲ့အချိန်မှာရော စစ်ဆေးမှုပိုင်းတွေပြုလုပ်ဖို့ လိုအပ်နေတာပါ။

ဌာနဆိုင်ရာ အသီးသီးမှာလည်း စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် QC တွေ ထားရှိထားပေမယ့်လည်း အားနည်းနေသေးတယ်လို့  မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး-၁ ဦးအေးလင်း က ပြောပါတယ်။

“စည်ပင်သာယာမှာဆိုရင် တစ်လတစ်လကို ပါမစ်က အများကြီးချပေးလိုက်တယ်လေ။ ချပေးလိုက်တယ်ဆိုတဲ့ အပိုင်းမှာလည်း သူတို့ဆီမှာ အကုန်လုံးဆောက်သမျှကို စစ်ဖို့ဆိုတဲ့အခါမှာ စစ်ဆေးရေးဌာနမှာ ၀န်ထမ်းအင်းအားက တကယ်နည်းတယ်။ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာကြီးတွေရှိတယ်။ ဒါပေမယ့် အကုန်လုံး လိုက်မစစ်ဆေး နိုင်ဘူးပေါ့နော်။ မစစ်ဆေးနိုင်တာလည်း အပြစ်တခုပေါ့။ အားနည်းချက်တခုပေါ့။ အား နည်းချက်တခုဆိုသလို အိမ်ရှင်တွေအနေနဲ့ကလည်း တော်ရုံတန်ရုံ စည်ပင်သာယာက ပါမစ်ကျပြီးပြီဆိုရင် ကိုယ့်ကန်ထရိုက်နဲ့ကိုယ်ပဲ အဆင်ပြေသလို ဆောက်ကြတာဆို တော့၊ အိမ်ရှင်တွေကနေ ခုနကလို ငှားတာမျိုးလည်းရှိတယ်။ နောက်ပြီးတော့ ကုမ္ပဏီ တွေအပေါ်မှာ ယုံကြည်နေတဲ့အခါမျိုးကျတော့လည်း လာရောက်စစ်ခြင်း၊ မစစ်ခြင်းကို သွားပြီးတော့ စည်ပင်သာယာကို Complain မလုပ်တာလည်းပါတာပေါ့။ တကယ်တမ်း တော့ နိုင်ငံတော်ကနေချမှတ်တဲ့ အဆောက်အအုံတိုင်း၊ အဆောက်အအုံတိုင်းမှာဆိုရင် ဆိုင်ရာဆိုင်ရာ QC ကရှိပြီးသား။ တကယ်တမ်း စစ်တဲ့အခါမှာတော့ လုပ်တိုင်း လုပ်တိုင်းကို စစ်နိုင်ဖို့အတွက်က ဌာနဆိုင်ရာမှာ နည်းနည်းလေး အင်အားနည်းနေတာ ပေါ့နော်။ ၀န်ထမ်းအင်အား နည်းနေတာပေါ့။”

ဒါ့ကြောင့် ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး အရည်အသွေးပိုင်းဆိုင်ရာ ထိန်းချုပ်ဖို့က အစိုးရ၊ ပုဂ္ဂလိကနဲ့ ဆောက်လုပ်ရေးဆိုင်ရာ အသင်းအဖွဲ့တို့ပူးပေါင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ဖြစ်စေချင်တာကတော့ QC ဆိုရင် တကယ် Qualification ပြည့်ဝ တဲ့၊ တကယ်တော်တဲ့ဆရာတွေကိုပဲ QC အဖွဲ့လိုမျိုးဖွဲ့ပေါ့နော်။ ဖွဲ့ပြီး ဆိုင်ရာဆိုင်ရာ ဘာသာရပ်အလိုက်ကို လုပ်ပြီဟေ့ဆိုတာနဲ့ အပြင်ပုဂ္ဂလိကပိုင်းဆိုင်ရာမှာလည်း QC ကို အားမနားတမ်း စစ်ပါဆေးပါ။ ဌာနဆိုင်ရာတွေ့ရဲ့ လုပ်ငန်းတွေမှာလည်း မှန်မှန်ကန်ကန် စစ်ပါဆေးပါ။ အဲ့ဒါမျိုးဆိုရင် ဘယ်ဘက်ဂျက်ပဲသုံးသုံး၊ ဘယ်တိုင်းပြည်ဘဏ္ဍာလုပ်လုပ် ပေါ့နော်။ အကုန်လုံးအတွက်ကတော့ မှန်မှန်ကန်ကန် အဆောက်အဦတွေ ဖြစ်လာလို့ ရှိရင် ရေရှည်ကျနော်တို့ Construction Product တွေရဲ့ Quality တွေက အရမ်းမြင့် တက်လာမှာပါ။ ကျနော်တို့ကတော့ အဲ့လိုမျိုးဖြစ်စေချင်ပါတယ်။”

ဆောက်လုပ်ရေးလုပ်ငန်းပိုင်းနဲ့ ပတ်သက်ပြီး လက်ရှိအားနည်းနေတဲ့ အချက် အလက်တွေကို သက်ဆိုင်ရာ၊ ဌာနဆိုင်ရာအသီးသီးနဲ့ အဓိကထားဆွေးနွေးနေကြပါတယ်။

လက်ရှိမှာလည်း ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့ လုပ်သားတွေဖြစ်စေဖို့ အတွက် သင်တန်းတွေပြုလုပ်ပေးနေပြီး၊ နိုင်ငံတကာအထိ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရအောင်လည်း လုပ်ဆောင်ပေးနေပါတယ်။

နွယ်နီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013