DVB Logo
Home
Lead Story
ပြည်တွင်းစစ် ရပ်တန့်ရေး မြောက်ဦးတွင် ဆန္ဒပြ (သတင်းဓာတ်ပုံ)
DVB
·
May 8, 2016
ပြည်တွင်းစစ် ရပ်တန့်ရေး မြောက်ဦးတွင် ဆန္ဒပြ (သတင်းဓာတ်ပုံ)
1 / 9
Donate to DVB

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်အမြန်ဆုံး ရပ်တန့်ပေးဖို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ လူ ထောင်ချီ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ပြည်တွင်းစစ်ပွဲများရပ်တန့်ရေး၊ ပြည်သူများကိုပေါ်တာမဆွဲရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို နိုင်ငံရေးစားပွဲဝိုင်းကို ဖိတ်ခေါ်ရေး စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

မြောက်ဦးမြို့နယ် သျှစ်သောင်းဘုရားရှေ့မှာ ဒီနေ့ နေ့လယ် ၁ နာရီ စုရပ်ပြီး မြို့တပတ်လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကာ နေ့လယ် ၂ နာရီခွဲအချိန်မှာ ပြီးဆုံးသွားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်တွေလည်း ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ - အောင်စိုးမြင့်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013