DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေသိမ်းဆည်းမှုများ ရပ်ထားရန် သမ္မတအမိန့်ထုတ်
DVB
·
May 8, 2016
လယ်ယာမြေသိမ်းဆည်းမှုများ ရပ်ထားရန် သမ္မတအမိန့်ထုတ်
Donate to DVB

သမ္မတ ဦးထင်ကျော်က လယ်မြေသိမ်းဆည်းခံရခြင်းများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီတရပ် ဖွဲ့စည်းပေးလိုက်ပြီး ကော်မတီအလုပ်လုပ်နေတုန်း လယ်မြေသိမ်းနေတာတွေ ရပ်ထားပေးဖို့ သူ့အမိန့်ကြော်ငြာစာထဲ ဖော်ပြလိုက်ပါတယ်။

မေ ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့ အမိန့်ကြော်ငြာစာထဲမှာ  လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ဒုသမ္မတ ၂ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ကော်မတီက လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို အမိန့်ထဲ ဖော်ပြထားပြီး အခု အစိုးရသစ်ဟာ လယ်ယာမြေအငြင်းပွားမှုပြဿနာတွေကို အထူးဦးစားပေးပြီး အမြန်ဆုံး ဖြေရှင်းရန် ကြိုးစားဆောင်ရွက်လျက်ရှိတယ်၊ ဒါ့ကြောင့် လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စရပ်တွေကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပြီးသည်အထိ ရပ်ဆိုင်းထားရန် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ” မှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စိုက်ပျိုးမွေးမြူရေး စတဲ့ ဌာနတွေက ၀န်ကြီးတွေ ထည့်သွင်းဖွဲ့စည်းထားတာ တွေ့ရပါတယ်။

အရင် စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံတ၀န်း နည်းအမျိုးမျိုးနဲ့ မြေသိမ်းလယ်သိမ်းကိစ္စတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကြီးမားတဲ့ ပြဿနာတရပ်အဖြစ် ပေါ်ထွက်ခဲ့ကာ အခု အစိုးရသစ်လက်ထက်မှာလည်း ဆက်ပြီး ဖြေရှင်းနေရဆဲ ဖြစ်နေပါတယ်။

မေလဆန်းပိုင်းမှာ အစိုးရသစ်ခေါင်းဆောင် သမ္မတ ဦးထင်ကျော်အမိန့်နဲ့ ကော်မတီ၊ ကော်မရှင် ၁၀ ခုထက်မနည်း ဆက်တိုက်ဖွဲ့စည်းခဲ့ပါတယ်။

အရင် ဦးသိန်းစိန်လက်ထက် ဖွဲ့စည်းခဲ့တဲ့ ကော်မတီ ကော်မရှင်ပေါင်း ၁၁၀ ကျော်ကိုတော့ ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်ရက်စွဲနဲ့ ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013