DVB Logo
Home
မြန်မာသတင်း
တရားရေးမဏ္ဍိုင်ဖြောင့်မတ်လာရေး အတွေးအခေါ် ပြုပြင်ပေးရန်လိုအပ်
DVB
·
May 8, 2016
တရားရေးမဏ္ဍိုင်ဖြောင့်မတ်လာရေး အတွေးအခေါ် ပြုပြင်ပေးရန်လိုအပ်
Donate to DVB

လက်ရှိတရားရေးကဏ္ဍဟာ စစ်အုပ်ချုပ်ရေးလက်ထက်ကတည်းက အတွေးအခေါ်တွေနဲ့ ရပ်တည်ခဲ့တာမို့ ဖြောင့်မတ်တဲ့ တရားရေးမဏ္ဍိုင်ဖြစ်လာဖို့ အတွေးအခေါ်တွေကို ပြုပြင်ပေးဖို့လိုတယ်လို့ ဥပဒေ ပညာရှင်တချို့ ပြောပါတယ်။

တရားရေးမဏ္ဍိုင်ဟာ သီးခြားလွတ်လပ်တဲ့ မဏ္ဍိုင်ဖြစ်ပေမယ့် အစိုးရအနေနဲ့ စီမံခန့်ခွဲတဲ့နည်းလမ်းနဲ့ ဖြေရှင်းလို့ရတယ်လို့ ရှေ့နေဦးဟန်ညွန့်က ပြောပါတယ်။

“စွပ်စွဲပြစ်တင်ခြင်းဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ တရားသူကြီးတွေ မဟုတ်တာ လုပ်ရင် စွပ်စွဲပြစ်တင်ထိုက်တဲ့ အပြစ်တွေရှိတယ်ဆိုရင် အရေးယူလို့ရတယ်။ နံပါတ် ၂ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းကနေပြီးတော့ ၄င်းတို့ရဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ပေါ်ပေါက်တယ်။ တရားစီရင်ရေးစနစ်မှာ ဖျက်လိုဖျက်ဆီးလုပ်တယ်။ ဒီ အကြောင်းအချက်တွေကို စီမံခန့်ခွဲရေးနည်းလမ်းအရလည်း အရေးယူလို့ရတယ်။ ဥပမာ ချို့ယွင်းချက်တွေမရှိဘူးလား ရှိတယ်။ ပြင်စရာတွေမရှိဘူးလား ရှိတယ်။ ကောင်းတဲ့ တရားသူကြီးတွေကော မရှိဘူးလား ရှိတယ်။ ကောင်းတဲ့တရားသူကြီးရှိသလို၊ ဆိုးတဲ့ တရားသူကြီးကောမရှိဘူးလား ရှိတယ်။ တရားသူကြီးတင် လွှဲချလို့မရဘူး။ ဥပဒေ အရာရှိကလည်း ကောင်းရမယ်။ ရဲအရာရှိကလည်း ကောင်းရမယ်။ ထောင်အရာရှိကလည်း ကောင်းရမယ်။ ဆေးရုံကလာပြီးတော့ အစစ်ခံတဲ့ ဆရာဝန်ကလည်း ကောင်းရမယ်။ အားလုံးကောင်းမှဖြစ်မယ်။”

လွှတ်တော်ဘက်ကလည်း ဥပဒေတွေ ပြင်ဆင်ရေးဆွဲတာတွေပြုလုပ်ပြီး၊ တရားရေးကို ထိန်းကျောင်းနိုင်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

မန္တလေးကရှေ့နေ ဦးသိန်းသန်းဦးကတော့ ဖွဲ့စည်းပုံဥပဒေအရ အခက်အခဲ တချို့တော့ရှိတယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ရထားတာတွေရှိတယ်။ ဥပမာအားဖြင့် လက်ရှိ တရားလွှတ်တော်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီးတွေရှိတယ်။ သူတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူက အသက် ၇၀ ပြည့်တဲ့အထိ ပြစ်တင်ရှုတ်ချမခံရဘူး။ ချို့ယွင်းချက်မရှိဘူးဆိုရင် ၇၀ ထိ ထားနေခွင့်ရှိတယ်။ သို့ရာတွင် တဘက်ကလည်း ဘာရှိလဲဆိုတော့ ရွေးချယ်ခံရတဲ့ သမ္မတသည်၊ သမ္မတဘက်ကနေပြီးတော့ ပြည်တောင်စုလွှတ်တော်ကို တရားသူကြီးချုပ်ရဲ့ နာမည် စာရင်းတင်သွင်းရမယ်။ မလွဲမသေပြဋ္ဌာန်းရမယ်။ ရှိပြီးသားတရားသူကြီးကို ဆက်သုံးမှာတော့ မပါဘူး။ သူတို့မှာ အသက် ၇၀ ထိ နေခွင့်ရှိတာမှန်တယ်။ ဒါပေမယ့် အသစ်တက်လာတဲ့ သမ္မသစ်က သူတရားသူကြီးအသစ် ခန့်ခွင့်ရှိတာပဲ။ အဲ့လိုနည်းနဲ့ လူတွေ ရောထားလိုက်ပြီးတော့ အတွေးအခေါ်အဟောင်းတွေ ရှိတဲ့လူနဲ့၊ အတွေးအခေါ်အသစ်တွေရှိတဲ့လူနဲ့ ပေါင်းထားပြီးတော့ တရားရေးဝန်ကြီးဌာအထက်က ထိန်းသိမ်းကြံ့ခိုင်မယ် ဆိုရင်ဖြစ်နိုင်တယ်။”

တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးက တိုက်ရိုက်ကိုင်တွယ်လို့ မရပေမယ့် တရားရေးဝန်ကြီးဌာနတခုဖွဲ့ပြီး ထိန်းကျောင်းလို့ရနိုင်ကြောင်း သူကပြောပါတယ်။

တရားရေးမဏ္ဍိုင် မှန်ကန်လာစေဖို့အတွက် ရဲတပ်ဖွဲ့ကလည်း အရည်အချင်း ပြည့်မီဖို့လိုတယ်လို့ အငြိမ်းစားရဲအုပ် ဦးတင်မောင်က ပြောပါတယ်။

“ရဲကို မှန်မှန်ကန်ကန် သတင်ပေးဖို့ ပြည်သူကလည်းလိုတယ်။ ရဲကလည်း အရည်အချင်းပြည့်ဝတဲ့၊ ဥပဒေကျွမ်းကျင်တဲ့၊ အမှုစစ်အတွေ့အကြုံရှိတဲ့ အဲ့လိုအရည် အချင်းရှိတဲ့ရဲတွေ ရှိမယ်ဆိုရင် ရာဇ၀တ်၊ တကယ်ပြစ်မှုကျူးလွန်တဲ့ တရားခံအစစ်အမှန်ကို ဖမ်းဖို့လည်း လွယ်ကူတယ်။ နောက်ပြီးတော့ သက်သေအထောက်အထား ခိုင်ခိုင်မာမာ တရားရုံးစွဲတင်လို့ရှိရင်လည်း တရားသူကြီးလည်း အလွယ်တကူလွှတ်လို့မရဘူး။ အဲ့ဒါကြောင့် ရဲဟာ တရားရေးမဏ္ဍိုင်ခိုင်မာဖို့အတွက်၊ တရားစီရင်ရေးမှာ တည့်မတ်ဖြောင့်မတ်ဖို့အတွက် အမှုစစ်ရဲအရာရှိ အရှင်းဖြစ်နေရမှာ ပထမတရားသူကြီးက ရဲပဲ။”

လက်ရှိလွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို သူတို့ရဲ့မူဝါဒအဖြစ် ချမှတ်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013