DVB Logo
Home
မြန်မာသတင်း
၂၀၁၆ ခုနှစ် မိုးစပါးအတွက် တစ်ဧကလျှင် ကျပ် ၁ သိန်းခွဲ ချေးမည်
DVB
·
May 8, 2016
၂၀၁၆ ခုနှစ် မိုးစပါးအတွက် တစ်ဧကလျှင် ကျပ် ၁ သိန်းခွဲ ချေးမည်
Donate to DVB

၂၀၁၆ မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ၁ ဧက ကျပ် ၁ သိန်းခွဲပေးဖို့ အစိုးရက စီစဉ်နေပြီလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မေလ ၇ ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်ရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရေတို၊ ရေရှည် ပြုပြင်ပြောင်းလဲရေး အကြံပြုချက်တွေထဲက တချက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၆ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ဆန်စပါးနဲ့ လယ်ယာကဏ္ဍအတွက် ရက် ၁၀၀ အတွင်း ကာလတို ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ၊ ကာလလတ်နဲ့ ကာလရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို အကြံပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013