DVB Logo
Home
မြန်မာသတင်း
မီးဘေးနှင့်သဘာဝဘေး ကာကွယ်ရေး မြို့နယ်အလိုက် လုပ်ဆောင်မည်
DVB
·
May 7, 2016
မီးဘေးနှင့်သဘာဝဘေး ကာကွယ်ရေး မြို့နယ်အလိုက် လုပ်ဆောင်မည်
Donate to DVB

မီးဘေးနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေကို မြို့နယ်အလိုက် ပြန်လည်လုပ်ဆောင်ဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လူမှုရေးနဲ့ စီမံ ခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နှစ် ၇၀ ပြည့်နေ့ဖြစ်တဲ့ မေလ ၅ ရက်နေ့မှာ တောင်ဒဂုံ စက်မှုဇုန် ၂၊ ၆၃ ရပ်ကွက် စစ်တောင်းလမ်းနဲ့ ရှင်မတောင်လမ်းကြားက ပါကေးစက်ရုံ မီးလောင်မှုမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု အားနည်းနေတာကြောင့် ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လူမှုရေးနဲ့ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးညီညီက ပြောပါတယ်။

“ကျနော်တို့ တောင်ဒဂုံမှာတော့ ဒါပထမဦးဆုံး လောင်တယ်လို့ ပြောလို့ရပါတယ်။ အဲ့တော့ ကျနော်တို့ နောက်ပိုင်းတွေမှာတော့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ မြို့နယ်အလိုက်တွေပေါ့။ မီးဘေးကာကွယ်ရေးအတွက်၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အတွက်ကို ကျနော်တို့ ဆောင်ရွက်ဖို့တွေရှိနေပါတယ်။ အခုမကြာမီရက်ပိုင်းအတွင်းမှာ ဆိုရင်လည်း ကျနော်တို့ လုံခြုံရေးနဲ့စီမံခန့်ခွဲရေးကော်မတီကနေပြီးတော့ မီးသတ်ဦးစီး တွေနဲ့လည်းတွေ့ဖို့ ဆောင်ရွက်ထားတဲ့ အစီအစဉ်တွေလည်းရှိပါတယ်။”

အခုလိုအယ်လ်နီညိုရာသီဥတုအချိန်မှာ မီးလောင်လွယ်တဲ့ လောင်စာတွေနဲ့ အလုပ်လုပ်တဲ့ စက်မှုဇုန်တွင်းစက်ရုံတွေက မီးဘေးအန္တရာယ် ပိုပြီးဂရုစိုက်သင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။

“ကျနော်တို့ ပြောချင်တာက အခုအချိန်က ပူပြင်းတဲ့အချိန်လည်း ဖြစ်တဲ့အတွက် ဇုန်တွေမှာက ဇုန်ကော်မတီတို့၊ ဇုန်ဥက္ကဋ္ဌတို့ အဲ့ဒီပုဂ္ဂိုလ်တွေကနေပြီးတော့ ဆိုင်ရာ ဆိုင်ရာ သူတို့ရဲ့ စက်ရုံတွေမှာပေါ့နော်။ မီးဘေးအတွက်ကို ကြိုတင်ကာကွယ်မှုတွေ၊ ထိန်းသိမ်းမှုတွေကိုတော့ အရင်ကတည်းကနေပြီးတော့ ဆောင်ရွက်လာမယ်ဆိုရင် ဒီလောက်ထိ အခြေအနေဆိုးမှာ မဟုတ်ဘူး။ အခုဆိုရင် အားလုံးမြင်တဲ့အတိုင်းပဲ။ ထင်းပုံကြီးဆိုတာ လမ်းဘေးရောက်နေတယ်။ အခုဖြစ်တယ်ဆိုတာကလည်း ပါကေးရုံကဖြစ်တယ်ပြောတယ်။ စက္ကူစက်တွေကောဘာကော လောင်စာတွေကြီးပဲ။ ဒါတွေကို နောက်ဆိုရင် စနစ်တကျနဲ့ သေချာလေးကို ပြင်ဆင်မှပဲရမယ်လို့ ကျနော်ပြောချင်ပါ တယ်။”

မေ ၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန် ၂၊ ၆၃ ရပ်ကွက် စစ်တောင်းလမ်းနဲ့ ရှင်မတောင်လမ်းကြားက ပါကေးစက်ရုံမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ မီးလောင်မှု ၁၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ အဲ့ဒီမီးလောင်မှုတွေ ကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ လူ ၆၂ ဦးသေဆုံးခဲ့ပြီး၊  လူ ၉၀၀၀၀ ကျော် မီးဘေးဒုက္ခ ရောက်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါ တယ်။

နိုင်ငံတ၀န်းလုံးမှာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီကနေ ဖေဖော်ဝါရီအထိ မီးလောင်မှု အကြိမ် ၂၀၀ ကျော် ဖြစ်ပွားခဲ့ပြီး၊ မီးလောင်မှုကြောင့် အိမ်ခြေအဆောက်အအုံ ၂၄၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး၊ လူပေါင်း ၃၂၀၀ ကျော် မီးဘေးဒုက္ခခံစားခဲ့ရကာ လူသေဆုံးမှုလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013