DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတအမိန့်ဖြင့် ကော်မတီ ၄ ခုနှင့် ကော်မရှင် ၃ ခု ဖွဲ့စည်း
DVB
·
May 7, 2016
နိုင်ငံတော်သမ္မတအမိန့်ဖြင့် ကော်မတီ ၄ ခုနှင့် ကော်မရှင် ၃ ခု ဖွဲ့စည်း
Donate to DVB

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အမိန့်နဲ သဘာဝဘေးကယ်ဆယ်ရေးဆိုင်ရာ ကော်မတီတခုအပါအ၀င် ကော်မတီ ၄ ခုနဲ့ ကော်မရှင် ၃ ခုတို့ ဖွဲ့စည်းလိုက်တယ်လို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။

မေလ ၃ ရက်၊ ၄ ရက်နဲ့ ၅ ရက် ရက်စွဲတို့နဲ့ ဖွဲ့စည်းလိုက်တဲ့ ကော်မရှင် ကော်မတီတွေနဲ့ အဖွဲ့ဝင်တွေ စာရင်းကို သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီ၊ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီ၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော် မတီနဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်တို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မတီ၊ ကော်မရှင်တို့မှာ ဒုတိယသမ္မတတွေကို ဦးဆောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာပါက ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ မြန်မာနိုင်ငံ အမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီကို ဖွဲ့စည်းပေးလိုက်ပါတယ်။

မေလ ၃ ရက်ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တဲ့ အမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီဟာ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသအတွင်း အရေးပေါ်အသက်ဘေးအန္တရာယ် ကျရောက်သူ တွေကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဒေသတွင်းနိုင်ငံတွေအကြား ထိရောက်စွာ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ဖို့ လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကော်မတီအနေနဲ့ သဘာဝဘေးကာကွယ်ရေးစီမံချက်ပြန်ဆွဲပြီး အစိုးရအဖွဲ့ကို မူဝါဒတောင်းခံရမယ်၊ သဘာဝေဘေးဖြစ်ပေါ်နိုင်တဲ့ ဒေသတွေအတွက် ကြိုတင်ပြင်ဆင်ထား ရမယ်၊ သဘာဝဘေးမှာ ပိတ်မိနေတဲ့ပြည်သူတွေအတွက် အထူးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး လေ့ကျင့်ထားရမယ် စတဲ့ လုပ်ငန်းတာဝန်တွေကိုပါ ဖော်ပြထားပါတယ်။

သမ္မတ ဦးထင်ကျော် အမိန့်နဲ့ မေ ၃ ရက်မှာပဲ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီကို ဖွဲ့စည်းပေးလိုက်ပြီး လက်တွေ့ကျတဲ့ စီမံကိန်းများနဲ့ မူဝါဒတွေ မှန်ကန်စွာ ချမှတ်နိုင်ဖို့၊ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့၊ စောင့်ကြည့် လေ့လာဖို့နဲ့ သုံးသပ်နိုင်ဖို့၊ စာရင်းအင်း အချက်အလက်တွေ မှန်ကန်ရေးနဲ့ အရည်အသွေး ပြည့်ဝရေး ကိစ္စရပ်တွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ၊ Stakeholders တွေနဲ့ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကော်မတီကို ဖွဲ့တယ်လို့ အမိန့်ကြော်ညာစာမှာ ဖော်ပြပါတယ်။

ဒီကော်မတီကို ဒုတိယသမ္မတ ၂ က နာယကအဖြစ်ဆောင်ရွက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၀န်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ပြည်နယ် တိုင်းဝန်ကြီးတွေလည်း အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။

တခါ အစိုးရဌာနအသီးသီးရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို စိစစ်ဖို့ ဆောက်လုပ်ရေးဝန်ကြီး ဦးဆောင်တဲ့ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီကို ဖွဲ့စည်းပေးလိုက်ပြီး ကော်မတီဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အတည်ပြုတာ၊ ဆိုင်းငံ့တာ၊ ပယ်ဖျက်တာနဲ့ ပြင်ဆင်အတည်ပြုတာ စတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒုတိယသမ္မတ ၁ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကတော့  ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ နိုင်ငံပိုင်အချိုးအစားကို လျှော့ချပြီး ပုဂ္ဂလိကပိုင် အချိုး အစား သို့ ပြောင်းလဲတိုးတက်လုပ်ဆောင်နိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ် များအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းပေးတာ ဖြစ်ပါတယ်။

အစိုးရသစ်တာဝန်ယူပြီး ၁ လကျော်အကြာမှာ အခုလို ကော်မတီ၊ ကော်မရှင်တွေ ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပြီး သဘာဝဘေးကော်မတီဟာ အရင် အစိုးရလက်ထက်က ဒုသမ္မတ တဦး ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013