DVB Logo
Home
မြန်မာသတင်း
အစိုးရ စာရင်းအင်းအချက်အလက်ဆိုင်ရာ ကော်မတီဖွဲ့စည်း
DVB
·
May 7, 2016
အစိုးရ စာရင်းအင်းအချက်အလက်ဆိုင်ရာ ကော်မတီဖွဲ့စည်း
Donate to DVB

နိုင်ငံတော်သမ္မတဦးထင်ကျော်က ‘စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီ’ ကို မေလ ၃ ရက်နေ့မှာ အမိန့်စာထုတ်ပြန် ဖွဲ့စည်းပါတယ်။

လက်တွေ့ကျတဲ့ စီမံကိန်းတွေနဲ့ မူဝါဒတွေ မှန်ကန်စွာ ချမှတ်နိုင်ဖို့၊ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့၊ စောင့်ကြည့် လေ့လာဖို့နဲ့ သုံးသပ်နိုင်ဖို့၊ စာရင်းအင်း အချက်အလက်တွေ မှန်ကန်ရေးနဲ့ အရည်အသွေး ပြည့်ဝရေး ကိစ္စရပ်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ၊ Stakeholders တွေနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးထုတ် အမိန့်ကြော်ငြာစာမှာ ဖော်ပြပါတယ်။

ကော်မတီနာယကအဖြစ် ဒုတိယသမ္မတ (၂)၊ ဥက္ကဌအဖြစ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ အတွင်းရေးမှူးအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းဌာန ညွှန်ကြားရေးမှူးချုပ်ကို တာဝန်ပေးထားပါတယ်။

ကော်မတီဝင်အဖွဲ့ဝင်တွေအဖြစ် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံးရဲ့ စီးပွားရေးနဲ့သက်ဆိုင်တဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ရဲ့ အမြဲတမ်းအတွင်းဝန်တွေက ဆောင်ရွက်ကြဖို့တာဝန်ပေးပါတယ်။

ကော်မတီ၏ လုပ်ငန်းတာဝန်တွေကတော့ -
(က) ခေတ်နှင့်လျော်ညီတဲ့ အမျိုးသား စာရင်းအင်းဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးနဲ့ ဥပဒေ သက်ရောက်မှုရှိရေးအတွက် လမ်းညွှန်ကြီးကြပ်ဖို့။
(ခ) စာရင်းအင်း ကိန်းဂဏန်း အချက်အလက်တွေ တိကျ မှန်ကန်ရေး ဆောင်ရွက်ဖို့။
(ဂ) အမျိုးသားစာရင်းအင်းစနစ်ကို တည်ထောင်ရာမှာ လိုအပ်တဲ့ အကြံဥာဏ် နဲ့ လမ်းညွှန်မှုတွေ ပေးဖို့။
(ဃ) လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်တမ်းနှင့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းရပ်တွေ ဆောင်ရွက်မှုကို ကြီးကြပ်ကွပ်ကဲ လမ်းညွှန်ဖို့။
(င) ပြည်ထောင်စုဝန်ကြီးဌာနအလိုက် တာဝန်ယူရတဲ့ ကဏ္ဍအသီးသီးမှာ ပြည့်စုံ ကောင်းမွန်တဲ့ စာရင်းအင်းနဲ့ စစ်တမ်းတစ်ရပ် ပေါ်ပေါက်လာရေး ပေါင်းစပ် ညှိနှိုင်းဖို့။
(စ) နိုင်ငံတကာ စာရင်းအင်းစနစ်တွေနဲ့ လိုက်လျောညီထွေရှိစေဖို့ အမျိုးသား စာရင်းအင်းစနစ်အပေါ် အကဲဖြတ် သုံးသပ်ခြင်း၊ လိုအပ်ချက်တွေကို ကဏ္ဍ အလိုက် သုံးသပ်ခြင်းနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြဖို့။
(ဆ) ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေ စာရင်းအင်း ကောက်ယူတဲ့စနစ်နဲ့ စာရင်းအင်း ပြုစုခြင်းဆိုင်ရာ နည်းစနစ်တွေ တစ်ပြေးညီ ဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်းခြင်းနဲ့ သင်တန်း ပေးခြင်းတွေကို စီမံဆောင်ရွက်ဖို့။
(ဇ) အမျိုးသား စာရင်းအင်းဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးမှု၊ အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်မှုနဲ့ စီမံခန့်ခွဲမှု တို့ကို ကြီးကြပ်လမ်းညွှန်ဖို့တို့ဖြစ်ပါတယ်။

ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတွေကို အခါအားလျော်စွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ အစီရင်ခံဖို့နဲ့ လိုအပ်တဲ့ ကော်မတီနဲ့ ဆပ်ကော်မတီတွေကို ဖွဲ့စည်း ဆောင်ရွက်သွားဖို့ သမ္မတရဲ့ အမိန့်ကြော်ငြာစာမှာပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013