DVB Logo
Home
မြန်မာသတင်း
ရက် ၁၀၀ စီမံကိန်းကြောင့် ပြောင်းလဲလာမည်ဟု ရဲတပ်ဖွဲ့ပြော
DVB
·
May 6, 2016
ရက် ၁၀၀ စီမံကိန်းကြောင့် ပြောင်းလဲလာမည်ဟု ရဲတပ်ဖွဲ့ပြော
Donate to DVB

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုတခုဖြစ်တဲ့ ရက်တရာစီမံကိန်းဟာ ပြည်သူနဲ့ ရဲတပ်ဖွဲ့ကြား အမှန်တကယ် ပြောင်းလဲမှုတခုဖြစ်လာမယ်လို့ ယုံကြည်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရဲမှူးသိန်းအောင်က ပြောပါတယ်။

“အများကြီးမျှော်လင့်ပါတယ်။ ပြည်သူတွေက ကျနော်တို့ရဲတပ်ဖွဲ့ကို ရက်ပေါင်း ၁၀၀ အတွင်းမှာ ဆောင်ရွက်လိုက်တဲ့အတွက် ပြည်သူတွေက များစွာနှစ်ထောင်းအားရ ဖြစ်လိမ့်မယ်လို့လည်း ယုံလည်းယုံကြည်ပါတယ်။ ဒုစရိုက်မှုများ ရှိလာရင်လည်း အသိပေးဖို့။ ပြည်သူတွေနဲ့ ကျနော်တို့ ရက်ပေါင်း ၁၀၀ မက ရှေ့ဆက်ပြီးတော့လည်း ဆောင်ရွက်မယ့် လုပ်ငန်းတွေက ပြည်သူတွေနဲ့ စိမ့်ဝင်ပြီးတော့ အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြုပြင်ပြောင်းလဲပြီးတော့ တသားတည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ဒီရက် ၁၀၀ စီမံကိန်းနဲ့အတူ ညဘက်တွေမှာ မြို့နယ်အသီးသီးက တာဝန်ကျရဲတပ်ဖွဲ့တွေ လိုက်လံ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး မှုခင်းကျဆင်းရေးအတွက် အဓိကထား လုပ်ဆောင်နေတယ်လို့လည်း ရဲမှူးသိန်းအောင်က ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ ရက်ပေါင်း ၁၀၀ အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်းကျဆင်းရေး လုပ်ငန်းတွေကို သိသာထင်ရှားစွာ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ အခု မူးယစ်ဆေးဝါးဆိုလည်း များစွာ ကျနော်တို့ သိမ်းဆည်းရရှိပြီး ဖြစ်ပါတယ်။ ညဆိုရင်လည်း မင်္ဂလာဈေးမှာ အချိန်မပြတ် ထွေအုပ်နဲ့ ပူးပေါင်းပြီးတော့ စစ်ဆေးကြပ်မတ်နေပါတယ်။”

ဒီရက်   ၁၀၀ စီမံကိန်းကို မေလ ၁ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး လောင်းကစားမှုတွေ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေအပြင် တုတ်၊ ဓားကိုင်ဆောင်တာတွေကို အရေးယူဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ကလည်း မှုခင်းကျဆင်းရေးအတွက် ပြည်သူတွေနဲ့ ဆက်လက်ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲမှူးက ပြောပါတယ်။

ခိုင်ပန်းနု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013