DVB Logo
Home
Lead Story
အာဆီယံအပါအ၀င် ၁၈ နိုင်ငံ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့် (ရုပ်သံ)
DVB
·
May 6, 2016
အာဆီယံအပါအ၀င် ၁၈ နိုင်ငံ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့် (ရုပ်သံ)
Donate to DVB

အာဆီယံဆယ်နိုင်ငံ အပါအ၀င် ၁၈ နိုင်ငံက ရေတပ်ဖွဲ့ဝင်တွေဟာ ဘရူနိုင်းနိုင်ငံမှာ မေလ ၄ ရက်နေ့ကစပြီး ရေကြောင်းလုံခြုံရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးတွဲစစ်ရေး လေ့ကျင့်နေကြပါတယ်။

“အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၊ ရေကြောင်းလုံခြုံရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်မှု ၂၀၁၆” ကို ဘရူနိုင်းနိုင်ငံ မော်ရာရှိ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး စင်တာမှာ အခမ်းအနားဖွင့်လှစ်ခဲ့ပါတယ်။

ဒီလေ့ကျင့်ခန်းမှာ နိုင်ငံတွေအကြား သတင်းအချက်အလက်မျှဝေမှုကို မြှင့်တင်ဖို့၊ လေ့ကျင့်မှုတွေ ကို ခေတ်မီဆန်းသစ်စေဖို့ ရည်ရွယ်ပါတယ်။

အာဆီယံ ၁၀ နိုင်ငံနဲ့အတူ မိတ်ဘက် သြစတေးလျှ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့က ရေတပ်အသီးသီးက တပ်သား သုံးထောင်၊ သင်္ဘော ၁၈ စင်း၊ ရဟတ်ယာဉ် ၁၆ စင်း၊ ရေကြောင်းကင်းလှည့်လေယာဉ် ၂ စင်းနဲ့ အထူးတပ်ဖွဲ့ဝင်တွေ ပူးတွဲလေ့ကျင့်ကြတယ်လို့ ဘရူနိုင်းတိုင်းမ်သတင်းက ဖော်ပြပါတယ်။ ပူးတွဲလေ့ကျင့်မှုကို မေလ ၁၂ ရက်နေ့မှာ အပြီးသတ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013