DVB Logo
Home
မြန်မာသတင်း
မြန်မာသမ္မတဦးထင်ကျော်ကို လာအိုသမ္မတက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို (ဓာတ်ပုံ)
DVB
·
May 6, 2016
မြန်မာသမ္မတဦးထင်ကျော်ကို လာအိုသမ္မတက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို (ဓာတ်ပုံ)
1 / 3
Donate to DVB

မြန်မာသမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေကို လာအိုသမ္မတက ဒီနေ့ မနက်ပိုင်းမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့  ကြိုဆိုခဲ့ပါတယ်။

အစိုးရသစ်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် သမ္မတဦးထင်ကျော်၊ ဇနီး ဒေါ်စုစုလွင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီနေ့မနက်  ၇ နာရီက လာအိုနိုင်ငံကို နေပြည်တော်ကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်နဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားတာဖြစ်ပြီး အခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်လည်း လိုက်ပါသွားပါတယ်။

လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံသမ္မတ မစ္စတာဘွန်ညံဗိုရာချစ်ရဲ့ ဖိတ်ကြားချက်အရ တရက်တာခရီး သွားရောက်တာဖြစ်ပြီး ညနေပိုင်းလောက်မှာ နေပြည်တော်ကို  ပြန်လည်ရောက်ရှိလာဖို့ ရှိနေပါတယ်။

ဓာတ်ပုံ - Vietiane Times

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013