
တောင်ကိုရီးယား ဘောလုံးအဖွဲချုပ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တခုကျော်က နိုင်ငံတကာပွဲစဉ်တွေအတွက် လာရောက်ခဲ့တဲ့ နိုင်ငံခြားဒိုင်တွေကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးခဲ့တယ်ဆိုတဲ့ မီဒီယာသတင်းတွေ ထွက်ပေါ်လာပြီးနောက် တရားဝင် တောင်းပန်ခဲ့ပါတယ်။
ဒီကိစ္စကြောင့် တောင်ကိုရီးယား ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။
မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဘောလုံးအဖွဲချုပ်ဟာ နိုင်ငံခြားဒိုင်တွေကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ အကြိမ်ကြိမ် ပေးခဲ့တာ မှန်ကန်ကြောင်း စနေနေ့မှာ ဝန်ခံခဲ့တာပါ။
ဒီဖြစ်ရပ်တွေဟာ နိုင်ငံတကာပွဲစဉ်တွေ ကျင်းပနေချိန်အတွင်း ဖြစ်ပွားခဲ့တာလိုလည်း သတင်းတွေက ဆိုပါတယ်။
ဘောလုံးအဖွဲ့ချုပ်ကတော့ ဒီကိစ္စအတွက် အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။











