DVB Logo
Home
မြန်မာသတင်း
မေလအတွင်း လေပြင်းတိုက် မိုးသီးကြွေနိုင်သေးဟု မိုးဇလ သတင်းထုတ်
DVB
·
May 6, 2016
မေလအတွင်း လေပြင်းတိုက် မိုးသီးကြွေနိုင်သေးဟု မိုးဇလ သတင်းထုတ်
Donate to DVB

အယ်လ်နီညိုအကျိုးသက်ရောက်မှု ရှိနေသေးလို့ မေလအတွင်း ထူးခြားမိုးလေ၀သဖြစ်စဉ်တွေ ဖြစ်တဲ့ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင် နှာမောင်းတိုက်ခတ်ခြင်းတို့ ကြုံနိုင်သေးတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။

ဒီလိုဖြစ်စဉ်တွေ ကြုံတွေ့နိုင်သေးတာကြောင့် စိုက်ပျိုးရေ ပုံမှန်ရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေ ဖူလုံရေး၊ လျှပ်စစ်မီး ရရှိရေး၊ ကျန်းမာရေး၊ ငါးလုပ်ငန်း၊ ရေကြောင်း သွားလာရေး၊ ခရီးသွားလုပ်ငန်း စတဲ့ကဏ္ဍများမှာ ကြိုတင်ပြင်ဆင်ထားကြဖို့လဲ မိုးဇလက အကြံပြုထားပါတယ်။

အယ်နီညိုဖြစ်စဉ်ဟာ ဇွန်လအတွင်း ပုံမှန်ဖြစ်စဉ်သို့ ရောက်ရှိနိုင် သော်လည်း လေထုပြောင်းလဲမှု ဖြစ်စဉ်မှာ နှေးကွေးတဲ့အတွက် ရာသီဥတုအပေါ် အကျိုးသက်ရောက်မှုများ ဆက်လက်ဖြစ် ပေါ်တာလို့ မိုးဇလရဲ့ အယ်နီညိုအခြေအနေ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် အကျိုးသက်ရောက်မှုတွေကြောင့် ဧပြီလ ကုန်ပိုင်းနဲ့ မေလဆန်းပိုင်းအတွင်း မြန်မာပြည်အရပ်ရပ်မှာ မိုးသက်လေပြင်း ကျရောက်ခြင်း၊ မိုးသီးမုန်တိုင်းကျခြင်းတို့ကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ပြီး အိမ်ခြေ သောင်းနဲ့ချီ ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013