DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးထင်ကျော် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံကို ထွက်ခွာ
DVB
·
May 6, 2016
သမ္မတ ဦးထင်ကျော် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံကို ထွက်ခွာ
Donate to DVB

အစိုးရသစ်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် သမ္မတဦးထင်ကျော်၊ ဇနီး ဒေါ်စုစုလွင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီနေ့မနက်  ၇ နာရီက လာအိုနိုင်ငံကို နေပြည်တော်ကနေ ထွက်ခွာသွားပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်နဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားတာဖြစ်ပြီး အခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်လည်း လိုက်ပါသွားပါတယ်။

လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံသမ္မတ မစ္စတာဘွန်ညံဗိုရာချစ်ရဲ့ ဖိတ်ကြားချက်အရ တရက်တာခရီး သွားရောက်တာဖြစ်ပြီး ညနေပိုင်းလောက်မှာ နေပြည်တော်ကို  ပြန်လည်ရောက်ရှိလာဖို့ ရှိနေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကမှ သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့ မြန်မာသမ္မတအတွက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သလို လာအိုသမ္မတ ဘွန်ညံဗိုရာချစ်အတွက်လည်း ပြီးခဲ့တဲ့လမှာ သမ္မတသစ်အဖြစ် ရွေးကောက်ခံရပြီးနောက် ပထမဆုံး ပြည်ပနိုင်ငံတခုက နိုင်ငံအကြီးအကဲတဦးကို လက်ခံတွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ဒီတာဝန်ယူပြီးနောက် ပထမဆုံး ပြည်ပကိုသွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

သမ္မတရဲ့ ပြည်ပခရီးစဉ်ကို ဒု-သမ္မတ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအ၀င် နေပြည်တော်က တာဝန်ရှိသူတွေ လေဆိပ်ကို လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013