DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းဒေသခံများ ၀မ်ပေါင်ကုမ္ပဏီယာဉ်များကို ပိတ်ဆို့ဆန္ဒပြ (ရုပ်သံ)
DVB
·
May 5, 2016
လက်ပံတောင်းဒေသခံများ ၀မ်ပေါင်ကုမ္ပဏီယာဉ်များကို ပိတ်ဆို့ဆန္ဒပြ (ရုပ်သံ)
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ၀မ်ပေါင်ကုမ္ပဏီက ပြန်လည်စတင်လုပ်ကိုင်မှာကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက ကြေးနီစီမံကိန်း ပြန်လည်စတင် လုပ်ကိုင်တော့မယ်လို့ ကြေညာထားတဲ့အတွက် ဒေသခံလယ်သမား ၂၀၀ လောက်က ကြေးနီစီမံကိန်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ မေလ ၄ ရက်နေ့ကတည်းက ကုမ္ပဏီရှေ့မှာ သွားရောက်ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒုတိယနေ့အဖြစ် မေလ ၅ ရက် မနက် ၁၀ နာရီခွဲလောက်ကနေ ညနေ ၄ နာရီလောက် အထိ ဆန္ဒပြခဲ့ကြရာမှာတော့ ၀မ်ပေါင်ကုမ္ပဏီရဲ့ ကားကြီးတွေ သွားရာလမ်းတွေကို ဒေသခံတွေက ပိတ်ဆို့ခဲ့ကြပါတယ်။

ဒါ့အပြင် ကုမ္ပဏီဝင်းအတွင်းထဲ မ၀င်ရောက်ဖို့ တားမြစ်ထားတဲ့ စည်းအထပ်ထပ်ကိုလည်း ကျော်ဖြတ် ဆန္ဒပြခဲ့ကြတဲ့အတွက် ရဲအင်အားရာနဲ့ချီအသုံးပြုပြီး ဆန္ဒပြသမားတွေကို  တားဆီးခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ လက်ပံတောင်းဒေသက  မိုးကြိုးပြင်၊ ဆည်တဲ၊ တုံ၊ ဇီးတော စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံတောင်သူ ၂၀၀ လောက် ပါဝင်ခဲ့ကြပြီး ဆန္ဒပြလယ်သမားတွေဟာ ဒီစီမံကိန်း မလုပ်ဖို့ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရေး တောင်းဆိုနေကြပါတယ်။

ရုပ်သံ - Lay Maha

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013