DVB Logo
Home
မြန်မာသတင်း
စေတီတည်နေမှု မြိုင်ကြီးငူဆရာတော် ပြန်သုံးသပ်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
DVB
·
May 5, 2016
စေတီတည်နေမှု မြိုင်ကြီးငူဆရာတော် ပြန်သုံးသပ်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
Donate to DVB

ကရင်ပြည်နယ်အတွင်း အနိုင်ကျင့် ဖိနှိပ်မှုတွေ ကျင့်သုံးတာ အားမပေးကြောင်းနဲ့ စေတီတွေ လိုက်တည်နေတဲ့ မြိုင်ကြီးငူဆရာတော်အနေနဲ့ မှန်မှန်ကန်ကန် ပြန်သုံးသပ်သင့်ကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ကရင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့အတူ လွှတ်တော်ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကော့ကရိတ်မြို့နယ် တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ခရစ်ယာန်ဘုရားကျောင်းဝင်းတွေမှာ စေတီလိုက်တည်နေတဲ့ မြိုင်ကြီးငူဆရာတော်နဲ့ပတ်သက် ပြီး အခုလိုသုံးသပ်ခဲ့တာပါ။

ဒေါ်နန်းခင်ထွေးမြင့်က “ဘာပဲပြောပြော အန်တီတို့ ဗုဒ္ဓဘာသာ တရားတော်နဲ့အညီ ဆရာတော်ကြီးလည်း ဘုရားရဲ့သားတော်ပါပဲ။ ဆရာတော်ကြီးအနေနဲ့လည်း မှန်မှန်ကန်ကန်လေး ပြန်ပြီးတော့ သုံးသပ်နိုင်ပါစေလို့။ သူများပေါ်မှာ ဖိနှိပ်အနိုင်ကျင့်ပြီးတော့ အဲဒီလိုမျိုးလုပ်တာ အန်တီတို့အနေနဲ့ အားမပေးပါဘူး။ ဆရာတော်ကြီးနားထဲကို ဒါလေးပြန်ရောက်ပါစေ။ ကိုယ်ကမေတ္တာမထားနိုင်ဘဲနဲ့ သူများကကိုယ့်ကို မေတ္တာနဲ့ပဲ ဖြေရှင်းသွားတော့ သူတို့ရဲ့ ဘာသာခြားတွေကိုလည်း အန်တီကျေးဇူးတင်ပါတယ်။ ကိုယ့်ဆရာတော်ကြီးကိုလည်း ကိုယ်ဖြစ်နိုင်တဲ့ဟာလေးကို နောက်ကြုံတော့မှ လျှောက်ပါ့မယ်။ အန်တီတို့က မတွေ့ရသေးဘူး။ ဒီပြဿနာကြောင့် နေ့ရောညပါ မအိပ်နိုင်ပါဘူး။ တော်တော်လေး စိုးရိမ်ပါတယ်” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့နယ် ဆွေးနွေးပွဲမှာ မီးပုံမှန်ရရှိရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ရပ်ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပေမယ့် မတတ်နိုင်တဲ့ ကိစ္စတွေကိုတော့ ကတိပေးမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

အစိုးရတရပ် ရက်ပေါင်း ၁၀၀ အတွင်း စိတ်အပျက်ဆုံးကတော့ မြိုင်ကြီးငူဆရာတော်ရဲ့ ဘာသာခြားတွေအပေါ် ဖိနှိပ်လုပ်ဆောင်မှုတွေပဲလို့ ဝေဖန်သုံးသပ်ခဲ့ပါတယ်။

မကြာသေးခင်ကာလက ကရင်ပြည်နယ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ ဘာသာရေးပြဿနာတွေကို တိကျမှန်ကန်မှုရှိဖို့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ မြိုင်ကြီးငူဆရာတော်နဲ့ တွေ့ဆုံဖို့ ကြိုးစားနေပေမယ့် မသေချာသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013