DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူခရိုင်အတွင်း ကျွန်းလှမြို့နယ် မပါဝင်ရေး ဒေသခံများ ဆန္ဒပြ
DVB
·
May 5, 2016
ကန့်ဘလူခရိုင်အတွင်း ကျွန်းလှမြို့နယ် မပါဝင်ရေး ဒေသခံများ ဆန္ဒပြ
1 / 6
Donate to DVB

ကန့်ဘလူခရိုင်အတွင်း ကျွန်းလှမြို့နယ် မပါဝင်ရေး ဒေသခံများ ဆန္ဒပြ

ဒီဗွီဘီ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းမှာရှိနေတဲ့ ကျွန်းလှမြို့နယ်အား ကန့်ဘလူခရိုင် အတွင်းကနေ ဖယ်ရှားပေးဖို့ ကျေးရွာဒေသခံတွေနဲ့ ကျွန်းလှမြို့ခံတွေက မေလ ၅ ရက်နေ့ မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကန့်ဘလူခရိုင်ထဲ ထည့်ထားတဲ့ ကျွန်းလှမြို့နယ်ကို ရွှေဘိုခရိုင်အတွင်းသို့ ပြန်လည်ပြောင်းရွှေ့ ပေးဖို့အပြင် ကျွန်းလှမြို့အနီးက ကျေးရွာပေါင်း ၂၁ ရွာဟာလည်း ယခုအခါမှာ ကန့်ဘလူမြို့နယ် အတွင်းမှာရှိနေပြီး ကျန်းမာရေးကိစ္စတွေနဲ့ တခြားရုံးပိုင်းဆိုင်ရာကိစ္စတွေမှာ အလှမ်းဝေးတဲ့ ကန့်ဘလူမြို့ကို သွားရောက်ရတဲ့အတွက် အခက်ခဲများစွာဖြစ်ပေါ်တာကြောင့် ကျွန်းလှမြို့နယ် အတွင်းမှာ ထည့်သွင်းပေးဖို့အတွက်လည်း တောင်းဆိုကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆန္ဒထုတ်ဖော်မှုတွင် လူအင်အား ၂၀၀ နီးပါးပါဝင်ပြီး ကျွန်းလှမြို့ပေါ်မှာရှိတဲ့ သီတဂူစက္ခုဒါန ဆေးရုံရှေ့ကစတင်ကာ ရာဇာဓိရာဇ်လမ်း၊ ဘုရင့်နောင်လမ်း၊ အောင်ဇေယျလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ ဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ တပင်ရွှေထီးလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း တွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ရာမှာ ကျွန်းလှမြို့နယ် ကန့်ဘလူခရိုင်အတွင်းမပါဝင်ရေး။ ရွှေဘိုခရိုင်အတွင်း ဆက်လက်တည်ရှိရေး။ အရှေ့ဘက်နဲ့ မြောက်ဘက်ဆက်စပ်လျှက်ရှိတဲ့ ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများ ကျွန်းလှမြို့နယ်အတွင်း ပေါင်းစည်းထည့်သွင်းပေးရေး၊ နယ်မြေ ပိုင်းခြားမှု အရှုပ်ထွေးပြဿနာများ ဖြေရှင်းပေးရေးနဲ့ နယ်မြေလွန်ပြဿနာများကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုဘဝတိုးတက်ရေးနှောင့်နှောင်းကြန့်ကြာမှုများအား အလိုမရှိကြောင်း အချက် ၅ ချက်ပါ ကြွေးကြော်သံများလည်း ကြွေးကြော်ခဲ့ကြပါတယ်။

အခုလို ကျွန်းလှမြို့နယ်အား ကန့်ဘလူခရိုင်ထဲမှ ဖယ်ရှားပေးဖို့နဲ့ ကျေးရွာပေါင်း ၂၁ ရွာကို ကျွန်းလှမြို့နယ်ထဲ ထည့်သွင်းဖို့အတွက် တိုင်းဒေသကြီး အစိုးရဆီကို တင်ပြသွားမယ်လို့ သိရပြီး ပြည်ထောင်စုအစိုးရ အဆင့်ဆင့်ဆီကိုလည်း တင်ပြသွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။

၁၉၉၆ ခုနှစ် အရင် စစ်အစိုးရလက်ထက်က သဖန်းဆိပ်ဆည်ဆောက်လုပ်ရာမှာ ကျွန်းလှမြို့နဲ့ ရွာပေါင်း ၇၀ ကျော်ဟာပြောင်းရွှေ့ခံခဲ့ရပြီး ယခုမြို့တည်ရှိရာနေရာကို မြေကွက်များအစားပေး ကာ မြို့အသစ်ဆောက်လုပ်ခဲ့ရာ အရင်က ရွှေဘိုခရိုင်အတွင်းရှိရာကနေ အခု ကန့်ဘလူခရိုင် အတွင်းသို့ ပြောင်းလဲ ထည့်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013