DVB Logo
Home
မြန်မာသတင်း
မမှန်မကန် ချိန်ကိုက်ဗုံးသတင်းပေးသူကို မန္တလာမင်းယာဉ်လိုင်း ကန့်ကွက် (ဓာတ်ပုံ)
DVB
·
May 5, 2016
မမှန်မကန် ချိန်ကိုက်ဗုံးသတင်းပေးသူကို မန္တလာမင်းယာဉ်လိုင်း ကန့်ကွက် (ဓာတ်ပုံ)
1 / 13
Donate to DVB

မန္တလာမင်း ခရီးသည်တင်ယာဉ်ပေါ်မှာ ချိန်ကိုက်ဗုံးတလုံး ပါသွားကြောင်း မမှန်သတင်းပေးခဲ့သူနဲ့ ကားပေါ်မှာ ဓာတုဆေးရည်တွေ ရှင်းလင်းပေးခဲ့ရတယ်လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေပေါ်မှာ ရေးသားဖော်ပြနေမှုတွေကို မန္တလာမင်းယာဉ်လိုင်းက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

ရန်ကုန်-နေပြည်တော်ကိုသွားတဲ့ မန္တလာမင်းကားပေါ်မှာ ချိန်ကိုက်ဗုံးတလုံး ပါသွားကြောင်း ဧပြီ ၄ ရက် မွန်းလွဲပိုင်းက မိတ္ထီလာ မန္တလာမင်းကားဂိတ်ကို ပြင်ဦးလွင်က တာဝန်သိ အမျိုးသားတဦး အသွင်ဆောင်ပြီး ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ ယာဉ်လိုင်းရဲ့  လူမှုကွန်ရက် စာမျက်နှာမှာ ရေးထားပါတယ်။

ယာဉ်လိုင်းက သတင်းရရခြင်း ခရီးသည်တွေ အန္တရာယ်ကင်းရှင်းရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့အား အကူအညီတောင်းခဲ့ကာ ရဲတပ်ဖွဲ့မှတဆင့် အင်းတကော် BE တပ် တာဝန်ရှိသူတွေ၊ အမြန်လမ်းရဲမှူးကြီးနဲ့ တာဝန်ရှိသူတွေ အမြန်လမ်း ၆၆ မိုင်ကို လာရောက်ပြီး ယာဉ်တစီးလုံးအား ရှာဖွေပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မန္တလာမင်းယာဉ်လိုင်းက “တည်ငြိမ်အေးချမ်းမှု မလိုလားသော လူတဦးကြောင့် ခရီးသွားများ၊ အမြန်လမ်းရဲတပ်ဖွဲ့များနှင့် တပ်မတော်တာဝန်ရှိသူများ အချိန်ကုန်၊ လူပင်ပန်း ဖြစ်ခဲ့ရပါသည်။ ယခုလို လူမပီသသောလုပ်ရပ်နှင့် facebook များမှ သတင်းသေချာမသိဘဲ ဓာတုဆေးရည်များ ရှင်းလင်းပေးခဲ့ရသည်ဟု ဖော်ပြနေခြင်းအား မန္တလာမင်း မိသားစုမှ ပြင်းထန်စွာ ကန့်ကွက်ပါသည်။” လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဓာတ်ပုံမှာတွေ့ရတဲ့ အထုပ်တွေဟာ ခရီးသည်တွေနဲ့ပါလာတဲ့  အရောင်ချွတ်အမှုန့်ထုပ်ဖြစ်ပြီး အန္တရာယ်မရှိတဲ့အတွက် BE တပ်က စစ်ဆေးပြီး ကားနဲ့ ပြန်ထည့်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ - မန္တလာမင်းဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013