Home
မြန်မာသတင်း
မန္တလေး-ရွှေဘိုမှန်လုံကားနှင့် သစ်ကားတို့ မျက်နှာချင်းဆိုင်ဝင်တိုက်
DVB
·
May 4, 2016
13177630_1770890196530671_8863807513096377736_n
13166079_1770889913197366_5351312399078122145_n
13139195_1770889889864035_4344798397494135043_n
13096091_1770890133197344_7306929439962468227_n
13095913_1770889969864027_1102355446474588936_n
ရွှေဘိုကနေ မန္တလေးကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် မှန်လုံကား ၁ စင်းဟာ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းက လှတောကျေးရွာအနီးမှာ သစ်ကားနဲ့ ဝင်တိုက်မှု မေလ ၄ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ မှန်လုံကားဟာ မန္တလေးမှရွှေဘိုသို့ ခရီးသည်တင်ဆောင်လာတာဖြစ်ပြီး သစ်ကားကတော့ ရွှေဘိုမှ စစ်ကိုင်းသို့အသွားမှာ အခုလို မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိခဲ့တာပါ။ အဆိုပါ ယာဉ်နှစ်စင်းတိုက်မှုကြောင့် မှန်လုံယာဉ်ရှေ့ပိုင်းခြမ်း ပျက်စီးသွားခဲ့ပြီး လူ အသေအပျောက်မရှိပဲ သံဃာတစ်ပါးအပါဝင် ဒဏ်ရာအပြင်းထန်ရသူ ၁၁ ယောက်ရှိခဲ့တယ်လို့ လှတောကျေးရွာရဲစခန်းက သိရပါတယ်။ ဒဏ်ရာရသူတွေကိုတော့ လှတောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရပြီး မှန်လုံယာဉ်မှာ  ခရီးသည် ၄၀ နီးပါးပါလာတယ်လို့လည်း သိရပါတယ်။ (သတင်း - ရန်နိုင်စိုး)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024