DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း ဒုက္ခသည် ၁ သောင်းကျော်အတွက် ရန်ပုံငွေရှာမည်
DVB
·
May 4, 2016
ရှမ်းပြည်မြောက်ပိုင်း ဒုက္ခသည် ၁ သောင်းကျော်အတွက် ရန်ပုံငွေရှာမည်
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား၊ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ စားဝတ်နေရးအတွက် အခက်အခဲတွေ ကြုံတွေ့ နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် တဖက်တလမ်း ကနေကူညီနိုင်ဖို့ တအာင်းအနုပညာ အသိုင်းအဝိုင်းများမှ စုပေါင်းပြီး ရန်ပုံငွေရှာဖွေပွဲပြုလုပ်ပြီး ဒုက္ခသည် တွေကို သွားရောက်လှူဒါန်းဖို့ စီစဉ်နေပါတယ်။

ရန်ပုံငွေရှာဖွေပွဲကို မေလ ၁၂ ရက်နေ့ညနေ ၆ နာရီကနေ ၁၀ နာရီအထိ ရန်ကုန်မြို့ရှိ MCC Hall မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံကျော်အဆိုတော်တွေအပါအ၀င် တအောင်းတိုင်းရင်းသားအ ဆိုတော်တွေပါဝင် သီဆိုဖျော်ဖြေဖို့ရှိနေပါတယ်။

ဒီပွဲကျင်းပမယ့်အကြောင်းနဲ့ပတ်သက်ပြီး ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ မိုင်သန်းညွန့်က “အဓိကတော့ စစ်ပြေးဒုက္ခသည်တွေဟာ အရင်ကတည်းက ရှိနေတဲ့ဒုက္ခသည်တွေရှိတယ်။ အခု တလ နှစ်လအတွင်း ထပ်တိုးလာတဲ့ ဒုက္ခသည်တွေရှိတယ်။ အရင်က ဒုက္ခသည်တွေကို ကူညီ ထောက်ပံ့မှု ရှိခဲ့တယ်ဆိုပေမယ့်လည်း အခုနောက်ပိုင်း အဲဒီထောက်ပံ့မှုတွေက လျော့နည်း လာတယ်။ လုံလောက် မှုမရှိဘူး။ အခုထပ်တိုးလာတဲ့ဒုက္ခသည်တွေအတွက်လည်း အထောက် အပံ့က မလုံလောက်ဘူးဖြစ်နေတယ်။ ကျနော်တို့ မြို့နယ်အလိုက် အလှူခံပြီးတတ်နိုင်သလောက် တော့ လှူဖြစ်ပါတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ အခုလည်းတိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ဒေသရှိနေဆဲပဲလေ။ အဲတော့ သူတို့က နေရပ်ကိုလည်း ပြန်နိုင်ဖို့အခြေအနေက မရှိသေးဘူး။ ဆိုတော့ သူတို့အတွက်က ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်ဘူး။ ဒါ့ကြောင့် ကျနော်တို့ အနုပညာအသိုင်းအ၀ိုင်းက ရန်ပုံငွေရှာဖို့လုပ်လိုက်တာပါ” လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းရှူး၊ ကျောက်မဲ၊ လောက်ကိုင်နဲ့ မန်တုံ မြို့နယ်တွေမှာ စစ်ပြေးဒုက္ခသည် ၁ သောင်းကျော်ရှိပြီး အများစုက တအာင်းလူမျိုးတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

၂၀၁၂ ခုကစပြီး အစိုးရတပ်တွေနဲ့ လက်နက်ကိုတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အခုချိန်ထိလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒုက္ခသည်တွေ အိမ်ပြန်နိုင်မယ့် အလားအလားအလာရှိတဲ့အတွက် အကူအညီတွေ ထပ်မံလိုအပ်နေတာဖြစ်တယ်လို့လည်း မိုင်သန်းညွှန့်က ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်ပေးရေးနဲ့ စစ်ဘေးသင့်ပြည်သူများကို သက်ဆိုင်ရာမှ ပြန်လည်ထူထောင် ပေးရေးလည်း ဒုက္ခသည်တွေရဲ့ကိုယ်စား တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013