DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် မြေပြိုနိုင်ဟု မိုးဇလပညာရှင် သတိပေး
DVB
·
May 4, 2016
ချင်းပြည်နယ်တွင် မြေပြိုနိုင်ဟု မိုးဇလပညာရှင် သတိပေး
Donate to DVB

မိုးတိမ်တောင်ကြောင့် ချင်းပြည်နယ်မှာ ရုတ်တရက်မိုးကြီးပြီး မြေပြိုမှုများဖြစ်ပွားနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းတိုင်းတာချက်အရ အားကောင်းတဲ့မိုးတိမ်တောင်ကြီးတခုဟာ ချင်းပြည်နယ် အတွင်းကနေ မြန်မာပြည်ထဲ ဖြတ်သန်းဝင်ရောက်နေပြီး အဲ့ဒီတိမ်တောင်ကြောင့် ဒီနေ့ မနက်ပိုင်း ကစလို့ နောက် ၂၄ နာရီအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်း မြောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ မိုးအသင့်အတင့် ရွာသွန်းနှိုင်ပြီး ခေတ္တခဏမျှ မိုးသည်းထန်နှိုင်တယ်လို့ သတင်းထုတ်ပါတယ်။

တစ်နာရီလျှင် မိုင်(၃၀-၃၅)မိုင်ခန့် ပြင်းထန်တဲ့ မိုးသက်လေပြင်းများလည်း တိုက်ခတ်နိုင်ပြီး မိုးသည်းထန်ရင် ချင်ပြည်နယ်မှာ မြေပြိုတဲ့အန္တရာယ်ရှိတယ်လို့ ဦးထွန်းလွင်က သတိပေးပါတယ်။

အဲ့ဒီပြည်နယ်တိုင်းတို့မှာ မိုးကြီးရင် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်တို့ရဲ့မြစ်ဖျားပိုင်းတို့မှာ ရေများမြင့်တက်လာနိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013