DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းအလုပ်သမားများ ညှိနှိုင်းမှုအဆင်မပြေသဖြင့် ဆက်လက်ချီတက်မည်
DVB
·
May 3, 2016
စစ်ကိုင်းအလုပ်သမားများ ညှိနှိုင်းမှုအဆင်မပြေသဖြင့် ဆက်လက်ချီတက်မည်
Donate to DVB

စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို ခရီးရှည်လမ်းလျှောက် ဆန္ဒပြနေတဲ့ သစ်အချောထည်စက်ရုံ အလုပ်သမားတွေဟာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တို့နဲ့ ဒီကနေ့ ညှိနှိုင်းဆွေးနွေးရာမှာ အဆင်မပြေတဲ့အတွက် ဆက်လက်ချီတက်မယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ ကိုနိုင်နိုင်အောင်က ပြောပါတယ်။

“ညှိနှိုင်းပေးမယ်ဆိုပြီးတော့ မနက်ကတည်းက ပြောပြီးတော့မှ ကျနော်တို့ သပိတ် စစ်ကြောင်းထွက်လို့ လမ်းတ၀က်ရောက်နားတော့မှ သူတို့က လာပြီးပြောတာ။ ဘယ်လိုပြောလဲဆိုတော့ စစ်ကိုင်းကို ပြန်သွားပါပေါ့။ စစ်ကိုင်းကို ပြန်သွားတော့မှ ဒီကြေညာချက်ကို ပြန်ပြီးထုတ်ပြန်ပေးမယ်။ တောင်းဆိုချက်တွေထုတ်ပြန်ပေးမယ်။ အဲဒီတော့မှ ကြားနာစစ်ဆေးပါလို့ ပြောတယ်။ ဒါက မရိုးသားတဲ့လိမ်လည်မှုတခု ဖြစ်သွားပြီ။ အလုပ်သမားတွေကတော့ ဆက်လျှောက်မှာပေါ့။ အရင်ကတည်း ထိုင်သပိတ်လုပ်လာခဲ့ပြီးပြီ။ ဘာမှညှိနှိုင်းချက်မရှိဘူး။ နောက်ဆုံးအဆင့် လမ်းပေါ်ထွက်လာတဲ့ကိစ္စပါ။ သူတို့က အရင်အစိုးရအတိုင်းပဲ လုပ်နေကျ ပုံစံအတိုင်းပဲ လုပ်နေတဲ့ပုံစံမျိုးဖြစ်တယ်။ ”

အလုပ်သမားတွေဟာ သုံးပွင့်ဆိုင်ဆွေးနွေးရေး၊ ထုတ်ပယ်ထားတဲ့ အလုပ်သမားတွေကို ပြန်ခန့်ရေး၊ တရားဥပေဒေစိုးမိုးရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပြီး တောင်းဆိုထားတဲ့အချက်တွေ မရမချင်း နေပြည်တော်အထိ ချီတက်တောင်း ဆိုသွားမယ်လို့ လည်းပြောပါတယ်။
စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ MVPPL သစ်အချောထည်စက်ရုံက  အလုပ်သမားတွေ ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့အပေါ် အစိုးရတာဝန်ရှိသူတွေက ပြေလည် အောင် ဖြေရှင်းမပေးလို့ ဧပြီ ၂၉ ရက် မနက်ကစပြီး စစ်ကိုင်းကနေ  နေပြည်တော်ထိ ခရီးရှည် လမ်းလျှောက် သပိတ်မှောက် ဆန္ဒပြနေကြ တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြစ်သားမြို့နယ်ထဲကို ရောက်ရှိနေကြပြီဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013