DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့ ဘောဒူဖ ဒုက္ခသည်စခန်း မီးလောင်၊ လူဦးရေ ၁၈၀၀ ခန့် အိုးအိမ်မဲ့ဖြစ်
DVB
·
May 3, 2016
စစ်တွေမြို့ ဘောဒူဖ ဒုက္ခသည်စခန်း မီးလောင်၊ လူဦးရေ ၁၈၀၀ ခန့် အိုးအိမ်မဲ့ဖြစ်
1 / 8
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒူဖ(၂) မူဆလင်ဒုက္ခသည်စခန်းမှာ မေလ ၃ ရက် မနက်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အခန်း ၈ ခန်းပါ၊ တန်းလျှား ၅၅ လုံးနဲ့ ဈေးဆိုင်ခန်းတွေ မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၈၀၀ ခန့် အိုးအိမ်မဲ့ဖြစ်သွားပါတယ်။

မနက် ၉ နာရီကစ မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ  မနက် ၁၀ နာရီမှာ မီးငြိမ်းပြီး နေ့လယ် ၁၂ နာရီအထိ မီးကြွင်းမီးကျန်များကို  စစ်တွေမီးသတ်စခန်းက မီးသတ်ကား (၉) စီးနဲ့ ငြိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနောင်က “အဆောင်(၁) အခန်း (၄) က ပိုင်ရှင်က ထမင်းချက်ရင်းကနေပြီးတော့ အပြင်ထွက်သွားတယ်လို့ သိရပါတယ်။ ထမင်းချက်ရင်းကစပြီး လောင်တာပါ။ ပျက်စီးဆုံးရှူံးမှုနဲ့ လူဦးရေစာရင်းကို ကောက်ယူပြုစုနေဆဲ ပါ။ အသေအပျောက် မရှိဘူးလို့မျှော်လင့်ရပါတယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၂ ပဋိပက္ခကြောင့် ယာယီကယ်ဆယ်ရေးစခန်း ၈ ခုမှာ နေထိုင်ရသူ ၁ သိန်း ၄ သောင်းကျော်ရှိနေပါတယ်။

သတင်း - ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013