DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကသတင်းစာများနစ်နာပါက နိုင်ငံပိုင်သတင်းစာကြော်ငြာများ လျော့ချပေးမည်
DVB
·
May 3, 2016
ပုဂ္ဂလိကသတင်းစာများနစ်နာပါက နိုင်ငံပိုင်သတင်းစာကြော်ငြာများ လျော့ချပေးမည်
Donate to DVB

နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်နေတဲ့ ကြော်ငြာတွေကြောင့် ပုဂ္ဂလိကသတင်းစာတွေအနေနဲ့ နစ်နာမှုတွေရှိ နေရင်လျော့ချပေးမယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကပြောပါတယ်။

မေလ ၃ ရက်နေ့ ရန်ကုန်မြို့ ချန်ထရီယံဟိုတယ်မှာကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ သတင်းမီဒီယာအဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်ပြောကြားခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကြော်ငြာထည့်သွင်းနေတဲ့ သူတွေကိုလည်း ပြောဆိုဆွေးနွေးမှုတွေ ရှိနေပြီး စာချုပ်စာတမ်းတွေ ကျန်ရှိနေသေးတဲ့အတွက် နိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းနေတဲ့ ကြော်ငြာတွေကို လျော့ချဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ မူအရပြောဆိုထားပြီးပြီလို့ လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့်ဟာ လက်ရှိအချိန်မှာ ကိန်းဂဏန်းတွေအရ တိုးတက်လာခြင်း။ လျော့သွားခြင်းမရှိဘဲ တန့်နေတယ်လို့မြင်တဲ့အကြောင်း ဒါကြောင့် ဒီထက်မက တိုးတက်လာချင်တယ်ဆိုရင် လက်ရှိ ဥပဒေပြုရေးပိုင်းဆိုင်ရာတွေ၊ တရားစီရင်ရေး ပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေနဲ့ သတင်းရယူခွင့်ဆိုင်ရာ အခက်အခဲတွေကို ဆွေးနွေး အဖြေရှာသွားကြဖို့ လိုတယ်လို့ ဝန်ကြီးကပြောပါတယ်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေ အပြင်စာရေးဆရာများ သမဂ္ဂအဖွဲ့ဝင် တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013