Home
မြန်မာသတင်း
မြိတ်မြို့တွင် ဆိုင်ကယ်နှင့် ၃ ဘီးဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ ၁၀ ဦး ဒဏ်ရာရ
DVB
·
May 3, 2016
13150062_1175854799091842_1877466657_n
13162391_1175854782425177_1695468122_n
13101016_1175854812425174_1615127160_n
13140764_1175854789091843_610015055_n
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် လေဆိပ်အနီးမှာ ဒီနေ့ နေ့လယ် ၁၁ နာရီခန့်က အလုပ်မှ ထမင်းစားပြန်လာတဲ့ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ အခင်းဖြစ်ပွား ရာနေရာမှာပင် ၁ ဦးပွဲချင်းပြီး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန တာဝန်ကျ ဆရာဝန်တွေထံက သိရပါတယ်။ ပန်းရံအလုပ်သမား ၈ ဦး တင်ဆောင်လာတဲ့ သုံးဘီးဆိုင်ကယ်ဟာ မြိတ်လေဆိပ်အနီး အရောက် လူ ၃ ဦး စီးနင်းလာတဲ့ ဘယ်ညာကွေ့ မောင်းနှင်လာတဲ့ ဆိုင်ကယ်ဟာ သုံးဘီးဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ သုံးဘီးဆိုက်ပေါ်ပါ အသက် ၁၄ နှစ်အရွယ် မောင်ရန်နိုင်ထွန်း ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာတွင် ပါဝင်တဲ့ ထိခိုက်ဒဏ်ရာများရရှိသူတွေထံက သိရပါတယ်။ လက်ရှိမှာ အခင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့  ၁၁ ဦး အနက် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကာ ၃ ဦးကို အတွင်းလူနာအဖြစ် မြိတ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသ ခံယူနေရတယ်လို့ သိပါတယ်။ အဆိုပါ ဆိုင်ကယ်တိုက်မှုအတွက် မြိတ်မြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ဖို့ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (သတင်း - မြတ်ထွဋ်၊ မြိတ်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024