DVB Logo
Home
မြန်မာသတင်း
ကျပ် ၅၀ တန် e-Lottery ထီစနစ်သစ်အကောင်အထည်ဖော်မည်
DVB
·
May 3, 2016
ကျပ် ၅၀ တန် e-Lottery ထီစနစ်သစ်အကောင်အထည်ဖော်မည်
Donate to DVB

မြန်မာနိုင်ငံမှာ ၀င်ငွေနည်းပြည်သူတွေ ထီထိုးကံစမ်းနိုင်မယ့် ငွေကျပ် ၅၀ တန် အီလက်ထရွန်နစ်ထီ (e-Lottery) စနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

အဆိုပါ ထီစနစ်သစ်ကို လွှတ်တော်မှာ အောင်ဘာလေထီဥပဒေကို ပြဌာန်းပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မိုဘိုင်းဖုန်းကနေတဆင့် ထီထိုးနိုင်မယ်လို့ လည်းဆိုပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ထီစနစ်သစ်စတင်အကောင်အထည်ဖော်မယ်နိုင်မယ်ဆိုတာနဲ့ ထီဆုကြေး အမြင့်ဆုံး ဘယ်လောက်ထိရမယ်ဆိုတာ အပါအ၀င် အသေးစိတ်အစီအစဉ်တွေကိုတော့ မသိရသေးပါဘူး။

လက်ရှိ လစဉ် ၁ ရက်နေ့ထိုင်း ဖွင့်လှစ်ပေးနေတဲ့ အောင်ဘာလေထီဆုကိုလည်း အမြင့်ဆုံးဆု ကျပ်ငွေ သိန်း ၁ သောင်းထိတိုးမြှင့်ပေးသွားဖို့နဲ့  တစောင်လျှင် ကျပ် ၂၀၀ တန်ထီလက်မှတ်အပြင် ကျပ် ၅၀၀ တန် ထီလက်မှတ်တွေလည်း ထုတ်ဝေရောင်းချပေးသွားဖို့ရှိတယ်လို့ အောင်ဘာလေသိန်းဆုဌာန ညွန်ကြားရေးမှူး ဦးထွန်းထွန်းအောင်ရဲ့ပြောဆိုချက်ကို ကိုးကားဖော်ပြပါတယ်။

ပြည်တွင်း အခွန်ဦးစီးဌာန လက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနက ၂၀၁၂ ဖေဖော်ဝါရီ ၁ရက်က စပြီး ငွေကျပ်သိန်း ၁၅၀၀ အထိ အမြင့်ဆုံးထီဆုအဖြစ် ဖွင့်လှစ်ရောင်းချ ပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013