DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးအကျဉ်းစခန်းတွင် အကျဉ်းသားအချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်
DVB
·
May 3, 2016
တိုက်ကြီးအကျဉ်းစခန်းတွင် အကျဉ်းသားအချင်းချင်း စကားများရာက ဓားထိုးမှုဖြစ်
Donate to DVB

တိုက်ကြီးမြို့နယ် အကျဉ်းဦးစီးဌာန၊ အိုင်ကလောင်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတက်သင်စခန်းတွင် အကျဉ်းသားအချင်းချင်းစကားများ ရန်ဖြစ်ရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့ ပါတယ်။

ဧပြီ ၃၀ ရက်နေ့က အိုင်ကလောင်စိုက်ပျိုးရေးနဲ့ အသက်မွေးမှုအတက်သင်စခန်း ထောင်ဗူး အတွင်းရှိတဲ့ နောက်တန်းဆူးကြိုးမှာ မနက် ၆ နာရီ ထောင်ဖွင့်သစ္စာဆိုပြီး ဘုတ်အလိုက် တန်းစီနေစဉ် ဖြိုးဝေလင်း၊ မျိုးမင်းဖြိုးတို့ ၂ ဦးနဲ့ ထက်ရာဇာလင်းတို့စကားများ ရန်ဖြစ်ရာကနေ ဖြိုးဝေလင်းနဲ့ မျိုးမင်းဖြိုးတို့က ကြက်သွန်လှီးဓားနဲ့ အရိုးအသွား ၃ လက်မခွဲခန့်ရှိ တံစဉ်ကျိုးတို့နဲ့ ထက်ရာဇာလင်းကို ရုတ်တရက်ထိုးလိုက်ရာ ထက်ရာဇာလင်းရဲ့ ဝဲ/ယာ ရင်အုံ ထိုးသွင်းဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာ၊ ဝမ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာနဲ့ ဝဲဘက်နံစောင်း ထိုးသွင်းဒဏ်ရာတို့ ရရှိခဲ့ ပါတယ်။

ဒဏ်ရာရသူ ထက်ရာဇာလင်းကို ရဲဆေးစာနဲ့ တိုက်ကြီးဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ပို့ဆောင်ခဲ့ပြီး ရဲဘက်တရားခံ ဖြိုးဝေလင်းနဲ့ မျိုးမင်းဖြိုးတို့ကို ကတိုင်စိန်ရဲစခန်းမှ(ပ)၁၈/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၂၆ (အပြင်းအထန်နာ ကျင်စေမှု)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပေးပို့ - မေသွယ် (CJ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013