DVB Logo
Home
မြန်မာသတင်း
မြန်မာရေလုပ်သားများ ထိုင်းငါးဖမ်းလှေပေါ် လူကုန်ကူးခိုင်းစေခံရမှုများ ဆက်ရှိနေ
DVB
·
May 3, 2016
မြန်မာရေလုပ်သားများ ထိုင်းငါးဖမ်းလှေပေါ် လူကုန်ကူးခိုင်းစေခံရမှုများ ဆက်ရှိနေ
Donate to DVB

အင်ဒိုနီးရှားပင်လယ်ပြင်ရေပိုင်နက်ထဲ တရားမ၀င်ငါးခိုးဖမ်းတဲ့ ထိုင်းငါးဖမ်းစက်လှေတွေပေါ်မှာ လူကုန်ကူး ခိုင်းစေခံခဲ့ရတဲ့ မြန်မာရေလုပ်သား ၂၅ ဦးကို နေရပ်ပြန်ပို့ပေးဖို့ စီစဉ်ဆောင်ရွက် နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

တရားမ၀င်ငါးခိုးဖမ်းတဲ့ ဗီယက်နမ်ငါးဖမ်းလှေ ၆ စီးနဲ့ ထိုင်းငါးဖမ်းလှေ ၃ စီးကို  ရေလုပ်သား ၁၅၀ ဦးနဲ့အတူ အင်ဒိုနီးရှားရေတပ်က ဧပြီ ၁၆ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ  ထိုင်း ငါးဖမ်းသင်္ဘောပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့  မြန်မာရေလုပ်သား ၂၅ ဦးပါဝင်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ မြန်မာရေလုပ်သားတွေကို ထိုင်းနိုင်ငံ ပါတနီမြို့ရှိ ပွဲစားက လစာကောင်းကောင်းပေးမယ် ဆိုတဲ့ မက်လုံးပေးကာ ထိုင်းငါးဖမ်းသင်္ဘောတွေထံ အခကြေးငွေယူပို့ဆောင် လူကုန်ကူးမှု ကျူးလွန်နေကြောင်း တွေ့ရှိရတယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာသံရုံးနဲ့ သက်ဆိုင်ရာနိုင်ငံတို့ ပူးပေါင်းပြီး လူကုန်ကူးမှုကျူးလွန်ခဲ့တဲ့ ပွဲစားတွေကို ဖော်ထုတ် အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာရေလုပ်သားတွေကို နေရပ်အမြန်ဆုံး ပြန်ပို့နိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊

ဓာတ်ပုံ - Myanmar Embassy Jakarta

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013