DVB Logo
Home
မြန်မာသတင်း
ဗကသ နိုင်ငံလုံးကျွတ်ညီလာခံကျင်းပနိုင်ရေး စည်းဝေးညှိနှိုင်း
DVB
·
May 3, 2016
ဗကသ နိုင်ငံလုံးကျွတ်ညီလာခံကျင်းပနိုင်ရေး စည်းဝေးညှိနှိုင်း
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တာဝန်တွေကို မျိုးဆက်သစ်ကျောင်းသားတွေ လက်ထဲကို စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ရေး နိုင်ငံလုံးကျွတ်ညီလာခံတရပ်ကျင်းပဖို့   ဗဟိုလုပ်ငန်းကော်မတီအစည်းအဝေး ရန်ကုန်မှာ ကျင်းပနေပါတယ်။

ဗကသ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က “ကျနော်တို့ အခု CWC (ဗဟိုလုပ်ငန်းကော်မတီ) အနေနဲ့ အသက်အရွယ်အပိုင်းအခြားအရတွေရော ကာလကြာမြင့်မှု အနေအထားအရရော ကြောင့်မို့လို့ ကျနော်တို့က ခုလက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေကို ကျနော်တို့ သမဂ္ဂကို စနစ်တကျနဲ့ လွှဲပြောင်းနိုင်ဖို့အတွက် ကျနော်တို့ လက်ရှိ ဒီနေ့မှာဆိုရင် ဒုတိယနေ့ ပေါ့နော် ဗဟိုလုပ်ငန်းကော်မတီအစည်းအဝေး လုပ်နေတယ်။ ကျောင်းသားသမဂ္ဂညီလာခံ ကျင်းပနိုင်ရေးကိုပဲ ဦးတည် ရှေးရှုလုပ်နေတယ်။ အဲဒီလို လုပ်နေတဲ့အချိန်မှာပဲ တခြားပြည်သူ တွေရဲ့ လိုအပ်ချက်ဖြစ်ပေါ်လာခဲ့လို့ရှိရင်လည်း ကျနော်တို့ တဖက်တလမ်းက ဆောင်ရွက်မယ်။” လို့ ပြောပါတယ်။

အစည်းအဝေးကို မနေ့ကစတင်ပြီး ဒီကနေ့ အပြီးသတ်ဆောင်ရွက်ကြမယ်လို့ သူက ပြောပါတယ်။

ဗကသဟာ အစဉ်အဆက်ရပ်တည်ခဲ့တဲ့ မူအတိုင်း ပြည်သူ့အစိုးရနဲ့ နိုင်ငံအကျိုးပြုလုပ်ငန်းတွေ မှာ ပူပေါင်းဆောင်ရွက်မယ်လို့ သူက ပြောပ့ါတယ်။

ကိုရဲရင့်အောင်က “ကျနော်တို့ အရင်ကတည်းကလည်း ပြောပြီးသား အာဏာရှင်လက်ထက်မှာ ကျနော်တို့က သူပုန်တွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ပြည်သူ့အစိုးရလက်ထက်မှာတော့ နိုင်ငံ့အကျိုးပြုလုပ်ငန်းတွေကို တတ်စွမ်းတဲ့ဘက်ကနေဆောင်ရွက်သွားမယ်ဆိုတာ ကျနော်တို့ရဲ့ ရှေးမူတွေထဲမှာလည်း ဒါ နောင်တော်နော်တော်တွေက အဆက်ဆက်ပြောခဲ့တာဖြစ်တယ်။ အဲဒီစကားအတိုင်းပဲ ကျနော်တို့လည်း ပြည်သူ့အစိုးရလက်ထက်မှာ ကောင်းတာတွေကိုလည်း ပြည်သူ့ဘက်ကရပ်ပြီးတော့၊ လိုက်ပြီးတော့ ဆောင်ရွက်ပေးနေသလို တဘက်က ကျောင်းသား သမဂ္ဂ္ဂ ပေါ်ပေါက်လာရေးအတွက် တနိုင်ငံလုံးညီလာခံ ဖော်နိုင်ဖို့ အတွက် အဓိကထားပြီးတော့ ကျိုးစားသွားပါမယ်။”

ဒီ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်တွေဟာ သမ္မတဦးသိန်းစိန်လက်ထက်က အမျိုးသား ပညာရေး ဥပဒေပြုပြင်ပြောင်းလဲရေးအတွက်သပိတ်မှောက်ဆန်ဒပြခဲ့ကြရာမှာ ဖမ်းဆီးတရား စွဲဆိုခံခဲ့ကြရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာပြီးနောက် သီတင်းပတ်အနည်းငယ် အကြာမှာ အမှုတွေရုပ်သိမ်းခဲ့လို့  ပြန်လွတ်ခဲ့ကြပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသဟာ ကိုလိုနီစနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်တွေကို မွေးဖွားခဲ့တဲ့ အစဉ်အလာ ကြီးမားတဲ့ ကျောင်းသားအစုအဖွဲ့ကြီးဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွမှုကြီး မတိုင်မီဆယ်စုနှစ်ပိုင်းတွေနဲ့ နှောင်းပိုင်းကာလ စစ်အစိုးရလက်ထက် တလျောက်မှာပါ သပိတ်မှောက်အုံကြွမှုတွေကြောင့် အာဏာရှင်အစိုးရအဆက်ဆက်က ဖိနှိပ်တာ ကို တောက်လျှောက်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013