DVB Logo
Home
မြန်မာသတင်း
သမ္မတဦးထင်ကျော် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် လာအိုသွားမည်
DVB
·
May 3, 2016
သမ္မတဦးထင်ကျော် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် လာအိုသွားမည်
Donate to DVB

မြန်မာသမ္မတ ဦးထင်ကျော်ဟာ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အိမ်နီးချင်း လာအိုနိုင်ငံကို မကြာခင်ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ကြေညာထား ပါတယ်။

လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နဲ့ ဇနီးတို့ရဲ့ ဖိတ်ကြားချက်အရ လာအိုနိုင်ငံကို ဇနီးဖြစ်သူ ဒေါ်စုစုလွင်နဲ့ အတူသွားရောက်မှာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမှာရှိတဲ့ မြန်မာသံရုံးကလည်း သမ္မတဦးထင်ကျော် လာရောက် မယ့် သတင်းကို ဒီဗွီဘီကို အတည်ပြုပြောပေမယ့် လာရောက်မယ့် ရက်အတိအကျနဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိပါဘူး။

အလားတူ မေလ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ရုရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပဖို့ရှိနေတဲ့ ရုရှား-အာဆီယံ ထိပ်သီး အစည်းအဝေးပွဲကိုလည်း သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013