DVB Logo
Home
မြန်မာသတင်း
အလုပ်သမားဥပဒေများ ပြင်ဆင်ပေးရန် မေဒေးအခမ်းအနားတွင် တောင်းဆို
DVB
·
May 2, 2016
အလုပ်သမားဥပဒေများ ပြင်ဆင်ပေးရန် မေဒေးအခမ်းအနားတွင် တောင်းဆို
Donate to DVB

အလုပ်သမားဥပဒေတွေကို ပြင်ဆင်ပေးဖို့နဲ့ အခွင့်အရေးတွေ တိုးပေးဖို့ အလုပ်သမားတွေက မေဒေးနေ့ အခမ်းအနားမှာ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ စက်ရုံအလုပ်ရုံလုပ်သားတွေ အများဆုံး ဆန္ဒပြခဲ့ကြတဲ့ ကာလတခုဖြစ်ခဲ့ပြီး အဲဒီတုန်းက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ဥပဒေ အားနည်းချက်တွေကို လက်ရှိအစိုးရလက်ထက်မှာ ပြင်ဆင်ပေးဖို့ လိုလားတယ်လို့ လှိုင်သာယာမြို့နယ် ကနောင်ခန်းမမှာ ပြုလုပ်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားမှာ တောင်းဆိုလိုက်တာပါ။

အခမ်းအနား တက်ရောက်လာသူ တဦးဖြစ်တဲ့ အအေးခန်းအလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်လှလှကလက်ရှိ ကျနော်တို့ ဖြတ်သန်းလာရတဲ့ တလျှောက်၊ ကျနော့်ကိုဆိုလည်း အခု အလုပ်ထုတ်ခံထားရတယ်၊ တနှစ်ကျော်သွားပြီ။ ခုချိန်ထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် စာချွန်လွှာကလည်း အနိုင်ပေးတဲ့ အချိန်ထိတောင် ဒီအလုပ်ရှင်က မနာခံဘူးဆိုတဲ့အခါမှာ ကျနော်တို့ဘ၀နဲ့ရင်းပြီး ဖြတ်သန်းလာတဲ့တလျှောက်မှာ ကျနော်တို့ သိရသလောက်တော့ ဥပဒေရဲ့အထက်မှာ အလုပ်ရှင်တွေရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့  ဘာမှလုပ်လို့မရဘူး။ ဘယ်သူမှလည်း အရေးယူပေးမှု မရှိတဲ့အတွက်ကြောင့် အခု အစိုးရသစ် ပြောင်းလဲလာတဲ့အပေါ် မူတည်ပြီး ကျနော်တို့ တောင်းဆိုမယ်" လို့ ပြောပါတယ်။

ဒီနေ့အခမ်းအနား တက်ရောက်လာတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်အရ အန်အယ်လ်ဒီ အစိုးရသစ်ကို အချိန်တခုပေးပြီး စောင့်ရဦးမယ်လို့လည်း သူက ဆိုပါတယ်။

ဒီလို အလုပ်သမားအခွင့်အရေးတွေနဲ့ ပြင်ဆင်ရမယ့် ဥပဒေတွေအတွက် လက်ရှိအစိုးရ တာဝန်ရှိသူတွေအနေနဲ့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ကြိုးစားမှုတွေ လုပ်ဆောင်ပေးမှာဖြစ်သလို အလုပ်သမားထုဘက်ကလည်း ဆန္ဒပြတဲ့ နည်းလမ်းတခုတည်းနဲ့ပဲ ဖြေရှင်းတာမျိုးမဟုတ်ဘဲ ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးကလည်း လုပ်သားထု နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေအပေါ်မှာ မျက်ခြည်မပြတ်ပါဘူးလို့ ဆိုပါတယ်။

“လွှတ်တော်ကနေ အပ်နှင်းထားတဲ့ တာဝန်တွေအရ၊ သတ်မှတ်ထားတဲ့  လုပ်ပိုင်ခွင့်တွေအရ အလုပ်သမားထု အကျိုးစီးပွားအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာပါ။ လုပ်သားထု နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေအပေါ်မှာ မျက်ခြည်မပြတ်ပါဘူး။ ဒါပေမယ့် လုပ်သားထုဘက်ကလည်း ကော်မတီရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ ဘာတွေရှိလဲဆိုတာကို လေ့လာပြီးတော့ အဲဒီလုပ်ပိုင်ခွင့် ဘောင်ထဲကနေ ကောင်းကောင်း အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ ချုပ်ပြောရရင်တော့ လုပ်သားထုကြီးတရပ်လုံးက ကိုယ့်ရဲ့လိုအပ်ချက်တွေ၊ ရပိုင်ခွင့်တွေ ရဖို့အတွက် ကိုယ်တိုင်လည်း ကြိုးစားပြီးတော့ လေ့လာဖော်ထုတ်ကြပါ။ ပြီးတော့ သက်ဆိုင်ရာ အကူအညီပေးနိုင်တဲ့ ယန္တရားတွေကိုလည်း မှန်မှန်ကန်ကန် အသုံးချနိုင်အောင် လုပ်ကြပါလို့ ပြောချင်ပါတယ်။”

၁၂၆ ကြိမ်မြောက် မေဒေးနေ့အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂ ကွန်ရက်က ဦးဆောင်ကျင်းပတာဖြစ်ပြီး အလုပ်သမားတွေအတွက် ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နိုင်ဖို့ လုပ်ခလစာတွေ တရားမျှတဖို့နဲ့၊ အဓမ္မစေခိုင်းမှုတွေ ပပျောက်ဖို့၊ အရင်အစိုးရဟောင်းလက်ထက်က ဖိနှိပ်မှုတွေနဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ကိုလည်း သဘောထားထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အစိုးရအဆက်ဆက်က ငြင်းဆိုခဲ့တဲ့ သမဂ္ဂဆိုတဲ့ အသုံးအနှုန်းကို လက်ရှိအစိုးရလက်ထက်မှာ တရားဝင် ပြန်လည်သတ်မှတ်ပေးပြီး လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂ၊ တောင်သူလယ်သမားသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂတွေ ပေါ်ပေါက်လာဖို့ကိုလည်း နယ်ပယ်အသီးသီးက ကိုယ်စားပြုသူတွေက မေဒေးနေ့ အခမ်းအနားမှာ တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013