DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံတက်ရန် ၀တပ်ဖွဲ့ကို အစိုးရကမ်းလှမ်း
DVB
·
May 2, 2016
၂၁ ရာစုပင်လုံညီလာခံတက်ရန် ၀တပ်ဖွဲ့ကို အစိုးရကမ်းလှမ်း
1 / 3
Donate to DVB

ဧပြီလ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) အစိုးရကိုယ်စားပြု ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ဟာ ၀ပြည်သွေးစည်းညီညွတ်ရေး ပါတီဌာနချုပ်ပန်ဆန်းကို သွားရောက်ပြီး နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက် ဖို့ ဖိတ်ကြားခဲ့ပါတယ်။

ဒီတွေ့ဆုံမှာ ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ တရုတ်သတင်းဌာန ဟောင်ကျဲ့ကျဲ့ (hongjungege) ရဲ့ ရေးသားချက်ကို တရုတ်နိုင်ငံရောက်ရှိ အခြေချနေတဲ့ မြန်မာ့ အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက မြန်မာဘာသာပြန်ဆို ထားတာကို ခွင့်တောင်းပြီး ဖော်ပြလိုက်ပါတယ်။

ဧပြီလ ၂၈ ရက်နေ့က ပန်ဆန်းမှာကျင်းပခဲ့တဲ့ ဒီချုပ်ကိုယ်စားလှယ်အဖွဲ့နဲ့ ၀ နယ်အဖွဲ့တို့ ဆွေးနွေးပွဲကို ဒီချုပ်ဘက်က ကော့ကရိတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသာ (ဗိုလ်ချုပ်ဟောင်း၊ နအဖခေတ် အမေရိကန်သံအမတ်)၊ လွယ်ကော်မြို့ သတင်းကောင်စီဥက္ကဋ္ဌ ဦးသန်းလွင်နဲ့  ရန်ကုန်တိုင်းလွှတ်တော်အဖွဲ့ဝင် ဦးမြင့်ကြည် (တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း - ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့) တို့ ပါဝင်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီဘက်က ဒုဥက္ကဌရှောက်မီးလျှံ (အဖွဲ့ခေါင်းဆောင်)၊             စစ်ဦးစီးချုပ် ကျောက်ကျုံးတန်း၊ ဦးအိုက်လွန်း၊ ဦးလီကျူလက် တို့ တက်ရောက်ပါတယ်။

ဒီချုပ်ဘက်က စတင်ဆွေးနွေးရာမှာ  အားလုံးအတွက်ကျေးဇူးတင်ကြောင်း၊ အနှစ် ၂၀ ကျော် ပြုလုပ်လာခဲ့ကြတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လက်တွေ့ တွေ့ရလို့ အလွန်သဘောကျပြီး လေးစားအားကျမှုတွေ ပေါ်ပေါက်ကြောင်း။ ၀ နယ်ရဲ့ လက်တွေ့အခြေအနေနဲ့ အစိုးရသစ်ရဲ့ ပေါ်လစီများနဲ့ပေါင်းစပ်ပြီး ပူးပေါင်း    ဆောင်ရွက်ဘို့မျှော်လင့်ကြောင်း၊  တနိုင်ငံလုံး ငြိမ်းချမ်းရေး ရရေးအတွက် တိုင်းရင်းသားများအားလုံးပါဝင်ရေး လုပ်ဆောင်မယ့် ပြည်ထောင်စု အစည်းအဝေးများ (ပင်လုံစာချုပ်အသစ်)ကို တက်ရောက်ပါရန် လေးစားစွာဖိတ်ကြားပါကြောင်း၊ နိုင်ငံရေးအရ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီအနေနဲ့ ပါတီစုံ စနစ်အတွင်းပါဝင်လာပြီး ဒီချုပ်နှင့်ပူးပေါင်း ဆောင်ရွက်ရန်မျှော်လင့်ကြောင်း ပြောကြားကြပါတယ်။ တပြည်လုံး ဘာသာပေါင်းစုံ ပူးပေါင်းလုပ်ဆောင်ချက်များကိုလည်း ရှင်းလင်းပြောကြားကြတယ်။

ဝအဖွဲ့က ပြန်ဆွေးနွေးချက်များကတော့  ပြည်သူလူထုအများစုက ရွေးချယ်တင်မြှောက်တဲ့ ဒီချုပ်ကို လေးစားကြောင်း၊ ဒီချုပ်အစိုးရရဲ့ အုပ်ချုပ်မှုကို ကြိုဆိုကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် လည်း ကတိပြုကြောင်း။ တောင်းဆိုချင်တာကတော့ ပြည်ပအင်အား (ဥပမာ-ကုလ-တရုတ်) တွေက အသိသက်သေအဖြစ်ပါဝင်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လူမျိုးစုအဖွဲ့များ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးအစည်း အဝေးကြီးတရပ်ကျင်းပပြီး ပြည်တွင်းငြိမ်းချမ်းရေး ပြဿ နာ ဖြေရှင်းပါရန်၊ အစိုးရအသစ်နဲ့ အဖွဲ့အစည်းများအကြား ဆက်ဆံရေးလမ်းကြောင်းများ သီးခြား တည်ထောင်ပြီး အထူးတာဝန်ခံပုဂ္ဂိုလ်များ ခန့်အပ်ပြီး တိုက်ရိုက်ဆက်သွယ်ရန်လိုကြောင်း၊   အချက်အလက်ပြည့်စုံရင့်ကျက်သည့်အခါ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန်လိုအပ်ကြောင်းနဲ့ ကောင်းတဲ့အချက်တွေချန်ထားပြီး အလုပ်မဖြစ်တာတွေကို ပြင်သင့်ကြောင်း၊ အစိုးရသစ်အနေနဲ့ တိုင်းရင်းသားပြဿ နာများကို အထူးဂရုစိုက်သင့်တာကို သတိပေးလိုကြောင်း၊ မိမိတို့ရဲ့ မျှော်လင့်ချက်ကတော့ လူထုဘ၀တိုးတက်ရေးအတွက် ရရှိလာနိုင်တဲ့ နိုင်ငံတကာ အခွင့်အရေး တွေကို အသုံးချသင့်ကြောင်း (ဥပမာ-တရုတ်ပိုးလမ်းမသစ် တည်ဆောင်ရေးစီမံကိန်းများအတွင်း ရနိုင်သမျှအခွင့်အရေးများ ရယူရန်)၊ နိုင်ငံခြားရေးဝါဒမှာလည်း ဘက်မလိုက်-ကြားနေရေး လမ်းစဉ်ကိုဆက်လက်လုပ်ဆောင်ရန်၊ မိမိတို့ရဲ့ရပ်တည်ချက် (က) ဘယ်တော့မှ ခွဲထွက်ရေး မလုပ်၊  (ခ) ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ကျင့်သုံးမယ်၊

(ဂ) ငြိမ်းချမ်းရေးပြသာနာများကို စေ့စပ်ဆွေးနွေးတဲ့နည်းလမ်းများနဲ့ အဖြေရှာမယ်၊                      (ဃ)  ၀ လူထုရဲ့ဘ၀ကို တိုးတက်ပြောင်းလဲအောင် လုပ်ကိုင်မယ်တို့ဖြစ်ကြောင်း၊

အစိုးရသစ်သို့ တောင်းဆိုချက်များအနေနဲ့ (က) အရင်အစိုးရများနဲ့ချုပ်ဆိုထားတဲ့ စာချုပ်များကို အသိအမှတ်ပြုဖို့၊ (ခ) သမိုင်းအစဉ်အလာနဲ့အညီ မိမိတို့ ၀ လူမျိုးများ တောင်းဆိုထားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်ကိစ္စကို စဉ်းစားပေးရန်၊ (ဒီအတွက် စစ်ရေးနဲ့တော့ မဖြေရှင်းပါလို့ ကတိ ပေးကြောင်း)။ အစိုးရသစ်ကို အခက်အခဲမပေးဘဲ ပူးပေါင်းဆောင်ရွက်မယ်လို့ကတိပေးကြောင်း၊ ၀ပြည်သွေးစည်းညီညွှတ်ရေးပါတီအနေနဲ့လည်း ဒီချုပ်နဲ့ပါတီ အချင်းချင်းအကြား ဆက်ဆံရေး တည်ဆောက်လိုကြောင်း တို့ဖြစ်ပါတယ်။

(http;//hongjungege.home.news.cn/blog/net Xinhuanet.com.  မှတရုတ်ဘာသာနှင့် သတင်းကို ပြန်ဆိုထားပါတယ်။) ဓာတ်ပုံ -  Xinhuanet


 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013