DVB Logo
Home
Lead Story
ဝ နှင့် ဒီချုပ်တွေ့တာ အလားအလာကောင်းတယ် - ဒေါက်တာလှကျော်ဇော
DVB
·
May 2, 2016
ဝ နှင့် ဒီချုပ်တွေ့တာ အလားအလာကောင်းတယ် - ဒေါက်တာလှကျော်ဇော
Donate to DVB

ဧပြီလ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) အစိုးရကိုယ်စားပြု ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ဟာ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ်ပန်ဆန်းကို သွားရောက်ပြီး နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက် ဖို့ ဖိတ်ကြားခဲ့ပါတယ်။

တွေ့ဆုံပွဲနဲ့ပတ်သက်လို့ ဒေါက်တာလှကျော်ဇောရဲ့ သုံးသပ်ချက်ကိုလည်း နောက်ဆက်တွဲ ဖော်ပြထားပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင်ပိုင်း တွေ့ဆုံပွဲအပြီး အလားအလာ ဘယ်လိုရှိပါသလဲ။

“အလားအလာတော့ ကောင်းပါတယ်။ ဒီလိုပါ သူတို့ဘက်ကလည်း ဘယ်လိုခေါ်မလဲ၊ ဗမာ့ တပ်မတော်ရဲ့ အပြောင်းအလဲကို သူတို့ စောင့်ကြည့်နေတာလေ၊ အဲဒီတော့ ဗမာ့တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တစုံတရာ ဆက်ဆံရေးကောင်းလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပေးအယူ ဟိုဒင်းပြုတယ်ဆိုလည်း ၀ဘက်က ပျော့ပျော့ပြောင်းပြောင်းနဲ့ လက်ခံဖို့ အဆင်သင့်ရှိ ပါတယ်။ သူတို့ဘက်က ကြည့်ရတာ။ သူတို့ကလည်း ဘယ်လိုခေါ်မလဲ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ သူတို့အများကြီးပါဝင်ဖို့ စိတ်ဆန္ဒလည်းရှိတယ်၊ ပြီးတော့လည်း သူတို့ ပြောပြီးပြီလေ။ သူတို့ တောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားပေးဖို့ပဲ။ တကယ်လို့ အဲဒီ တောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားတဲ့အခါမှာ သူတို့က ကတိနှစ်ခုပေးထားတယ် အဲဒီ ထဲမှာ။ တခုက ခွဲထွက်ရေးကို ဘယ်တော့မှ မပြောဘူး။ ဘယ်တော့မှ စစ်ရေးအရ ဖြေရှင်းတာ မလုပ်ဘူး။ အမြဲတမ်းပဲ သူတို့ စေ့စပ်ဆွေးနွေး အဖြေရှာပါ့မယ်လို့ အဲလို ပြောထားတယ်။ တော်တော် အလားအလာကောင်းတယ်လို့ မြင်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ဖို့ လာဖိတ်ကြတာလားခင်ဗျ။

“အဲဒါလည်း လာဖိတ်တာပါတယ်။ နောက်တခုက သူတို့ မိတ်ဆက်ကြတာပါ၊ တယောက်နဲ့ တယောက် ရှေ့လျှောက်ဆွေးနွေးဖို့၊ သူတို့ ၀ ဘက်ကပြောတဲ့ထဲမှာ တခုပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်းထားဖို့၊ ဆက်သွယ်ရေးအရာရှိထားဖို့ပေါ့။ အဲဒီဟာ ၀ဖက်က တင်ထားတာတွေ့ရတယ်။ အဲဒီတော့ သူတို့အနေနဲ့ကတော့ အန်အယ်လ်ဒီနဲ့ တိုက်ရိုက် ဆက်ဆံချင်တယ်ဆိုတဲ့အကြောင်း၊ သူတို့ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ အနေနဲ့ကလည်း ပါတီအနေနဲ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပါတီချင်းဆက်ဆံချင်တယ် ဆိုတဲ့အကြောင်း အဲဒီဟာတွေ ပြောထားတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ အလားအလာ ကောင်းပါတယ်။”

အန်အယ်လ်ဒီအစိုးရဘက်က လွှတ်တော်ကိုယ်စားလှယ်တယောက်က ဦးဆောင်တာတွေ့ရပြီး ၀ဖက်ကဆိုရင်တော့ ထိပ်တန်းခေါင်းဆောင်တွေ လက်ခံတွေ့ဆုံဆွေးနွေးကြတာ တွေ့ရတယ်။ အဲဒီအခြေအနေလေး ပြောပြပါလား။

“အဲဒါကတော့ ဟုတ်တယ်လေ။ ဟိုဘက်က အစိုးရကိုယ်စားပြုတက်တာကိုး။ သူတို့က သာမန် ဒီလိုအဖွဲ့လေးတဖွဲ့ရဲ့ ဟိုဒင်းပဲဖြစ်တာကိုး။ အဲဒီတော့ သူတို့အနေနဲ့ တကယ့်ကို တလေးတစား ဆက်ဆံရမှာပေါ့။ သူတို့ကို ခေါင်းဆောင်ပြီးတွေ့တဲ့လူက ဒုဥက္ကဋ္ဌ ဦးရှောက်မီလျှံ၊ သူကိုယ်တိုင် တွေ့တယ်။ စစ်ဦးစီးချုပ်တွေပါတယ်။ အကုန်တော်တော်များများ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့တာပါ။”

ဒီတွေ့ဆုံပွဲကနေ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လောက်တာသွားမလဲ၊ ဒီတွေ့ဆုံပွဲ အစပြုမှုက ဘယ်လောက် အရေးပါမယ်လို့ သုံးသပ်နိုင်မလဲ။

“ကျမကတော့ အလားအလာကောင်းတယ်လို့ သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၀ က သူတို့ပြောတဲ့ထဲမှာ ပါတာက ဒီလိုလေ၊ သူတို့အနေနဲ့တဲ့ သမိုင်းအစဉ်အလာအရ၊ သမိုင်း အချက်အလက်အရ ၀ပြည်ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ပေးဖို့ တောင်းဆိုထားတဲ့ကိစ္စကို ၀ိုင်းပြီးစဉ်းစားပေးဖို့ တောင်းဆိုပါတယ်တဲ့။ ဒါပေမယ့် ဒီအတွက်ကိုလည်း သူတို့ ဘယ်တော့မှ ဘယ်လိုခေါ်မလဲ စစ်ရေးအရ ဘာပြသနာမှ မဖြေရှင်းပါဘူးလို့ ကတိပေးပါတယ်တဲ့ အဲလို ပြောသွားပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013