DVB Logo
Home
မြန်မာသတင်း
နိုင်ငံတာ kick boxing လက်ဝှေ့ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ကျော် ၂ ဦး ဒိုင်ပွဲရပ် အနိုင်ရ
DVB
·
May 2, 2016
နိုင်ငံတာ kick boxing လက်ဝှေ့ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ကျော် ၂ ဦး ဒိုင်ပွဲရပ် အနိုင်ရ
1 / 6
Donate to DVB

ဂျပန်နိုင်ငံတွင်ကျင်းပတဲ့ နိုင်ငံတာ kick boxing လက်ဝှေ့ပြိုင်မှာ မြန်မာနိုင်ငံသား ၂ ဦးက မေလ ၁ ရက်နေ့မှာ ဂျပန်လက်ဝှေ့သမားနဲ့ ထိုင်းလူမျိုး လက်ဝှေ့ကျော်တို့ကို အလဲထိုးဒိုင်ပွဲရပ် အနိုင်ရခဲ့ပါတယ်။

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ Yokohama Cultural Gymnasium နိုင်ငံတကာ kick boxing လက်ဝှေ့ပြိုင်ပွဲကြီးမှာ ဘိလပ်မြေစက်ရုံ ရိုးရာလက်ဝှေ့ကလပ်မှ ရိုးရာလက်ဝှေ့ကျော် ဉာဏ်လင်းအောင်က ဂျပန်လက်ဝှေ့ကျော် ခနဲကို ဒိုင်အီခီ Kaneko Daiki ကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် သတ္တိကလပ်မှ ဒုတိယတန်း ရိုးရာလက်ဝှေ့ ကျော် စောဂေါ်မူဒိုကလည်း ထိုင်းလူမျိုး လက်ဝှေ့ကျော် Ploytaksin Nor Naksin ကို ပထမအချီ ၁ မိနစ်ကျော်အတွင်းအလဲထိုး ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ကြပါတယ်။

ဒီပွဲမှာ ဂျပန်ယှဉ်ပြိုင်ဘက် Kaneko ကလည်း လက်သီး၊ ဒူး၊ တံတောင် ခေါင်းတိုက် အသုံးပြု ထိုးသတ်ခဲ့တာတွေရလို့ သူလည်း မြန်မာ့လက်ဝှေ့ကို အပြင်းအထန်လေ့ကျင့်ထားပုံရတယ်လို့ မြန်မာ့ရိုးရာလက်ဝှေ့ကျော် ဥာဏ်လင်းအောင်က ဆိုပါတယ်။

စောဂေါ်မူဒိုက မွေ့ထိုင်းလက်ဝှေ့ကျော်ကို အရပ်မြင့်လို့ စိုးရိမ်ခဲ့ရပေမယ့် နည်းပြဆရာတွေ အထူးသင်ပြလေ့ကျင့်မှုတွေ လေ့ကျင့်ခဲ့မှုနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ လာရောက် အားပေးတာကြောင့်လည်း အနိုင်ရခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013